ချစ်စိတ်ရယ် ဘယ်ရယ်ကြောင့်မှန်း
မသိတတ် တော့တယ်
ကိုယ့်အသည်းဝယ် သူလေ အစဉ်အမြဲ
စိုးမိုး နိုင်လွန်းတယ်
ချစ်သူရယ် အပြစ်မယူနဲ့ကွယ်
ခွင့်လွှတ်ဖို့ရယ်
တောင်းပန်ချင်တယ်
ချစ်စိတ် ငယ်ငယ်
ရင်မှာသိုဝှက်ထားလို့ရယ် အားငယ်
မေ့မရတယ် တူယှဉ်ပျော်မြူးခဲ့ကြ
ပုံများရယ်
စိတ်အစဉ်ဝယ် အရိပ်ပမာ အမြဲတကယ်
သတိရမိတယ် ချစ်မိသူရယ်
မကြုံဘူးလို့ မယုံရသလိုကွယ်
ကိုယ့် ချစ်စိတ်ရယ်
အနေဝေးနေလို့ လွမ်းစိတ်နဲ့ကွယ်
ဆွေးသူ့ရင်ဝယ်
အို အကျည်းတန်သလို ဘဝအခြေမို့
ဖွင့်မပြော ဝံ့တယ်
ရင်တွင်းမှာတကယ် တသိမ့်သိမ့်နဲ့ရယ်
တီးတိုး ဆိုနေမယ်
ကိုယ့်အချစ်ရယ်
ဘယ်လိုဖြေသိမ့်လို့ရမယ် မသိတယ်
ခုတော့ကွယ် ရင်နာနာနဲ့
လွမ်းအားပိုမိတယ်
ချစ်သူရယ် အပြစ်မယူနဲ့ကွယ်
ကိုယ့်အပြစ်နဲ့ကိုယ် ရှိစေကွယ်
solo
ချစ်စိတ် ငယ်ငယ်
ရင်မှာသိုဝှက်ခါးလို့ရယ် အားငယ်
မေ့မရတယ် တူယှဉ်ပျော်မြူးခဲ့ကြ
ပုံများရယ်
စိတ်အစဉ်ဝယ် အရိပ်ပမာ အမြဲတကယ်
သတိရမိတယ် ချစ်မိသူရယ်
မကြုံဘူးလို့ မယုံရသလိုကွယ်
ကိုယ့် ချစ်စိတ်ရယ်
အနေဝေးနေလို့ လွမ်းစိတ်နဲ့ကွယ်
ဆွေးသူ့ရင်ဝယ်
အို အကျည်းတန်သလို ဘဝအခြေမို့
ဖွင့်မပြော ဝံ့တယ်
ရတွင်းမှာတကယ် တသိမ့်သိမ့်နဲ့ရယ်
တီးတိုး ဆိုနေမယ်
ကိုယ့်အချစ်ရယ်
ဘယ်လိုဖြေသိမ့်လို့ရမယ် မသိတယ်
ခုတော့ကွယ် ရင်နာနာနဲ့
လွမ်းအားပိုမိတယ်
ချစ်သူရယ် အပြစ်မယူနဲ့ကွယ်
ကိုယ့်အပြစ်နဲ့ကိုယ် ရှိစေကွယ်
ချစ်သူရယ် အပြစ်မယူနဲ့ကွယ်
ကိုယ့်အပြစ်နဲ့ကိုယ် ရှိစေကွယ်
Thanks all