သူဌေးဝါဒ
ဆို- နိုရာ
A- ပိုက်ဆံ ရှားတာ နားမလည်.....
ပိုက်ဆံပေါတာ ပြောတတ်တယ်......
ဇမ္ဗူဒီပါ နိမိတ္တတဲ့
ကျန်းမာရေးနဲ့
သူဌေးဝါဒကို......မပယ်
B- ရတနာ ခုနှစ်ပါးရယ်.....နဲ့
မော်တော်ကားလည်း စီးမယ်
ဆင်းရဲတာ နားမလည်
မင်းပွဲမှာ သွားမယ်...ကွယ်
A- ရတနာ ခုနှစ်ပါးရယ်.....နဲ့
မော်တော်ကားလည်း စီးမယ်
ဆင်းရဲတာ နားမလည်
မင်းပွဲမှာ သွားမယ်
အပေါင်းသဟာယများ ရယ်နဲ့
ကောင်းတာကိုမှ စားမယ်
နန်းတော်ရှေ့ကို မေးလာကြရင်
သူဌေးဝါဒကို
ကျွန်မပြောပြလိုက်ပါ.....မယ်....
B- ရတနာ ခုနှစ်ပါးရယ်.....နဲ့
မော်တော်ကားလည်း စီးမယ်
ဆင်းရဲတာ နားမလည်
မင်းပွဲမှာ သွားမယ်
အပေါင်းသဟာယများ ရယ်နဲ့
ကောင်းတာကိုမှ စားမယ်
နန်းတော်ရှေ့ကို မေးလာကြရင်
သူဌေးဝါဒကို
ကျွန်မပြောပြလိုက်ပါမယ်
A- ငွေလိုချင်ရင် ငွေဖြစ်ရမယ်
ရွှေလိုချင်ရင် ရွှေဖြစ်ရမယ်...ကွယ်
လူ စိတ်ဓာတ်ဟာ
လောကအမြတ်ဆုံး တစ်ကယ်
B- စိန်လိုချင်ရင် စိန်တွေဖြစ်ရမယ်
အိမ်လိုချင်ရင် အိမ်တွေဖြစ်ရမယ်...ကွယ်
လူ စိတ်ဓာတ်ဟာ
လောကအမြတ်ဆုံး တစ်ကယ်
A- သြော် ချစ်တဲ့ရည်းစား
စွဲလန်း မိတော့
မကြာဧကန် ရတတ်တယ်
ဤပမာကို မှတ်ကြဖွယ်
မောင်လိုချင်တာ ရလိမ့်မယ်
ခင်လိုချင်တာ ပို့လိုက်ကွယ်
နန်းတော်ရှေ့ကို မေးလာကြရင်
သူဌေးဝါဒကို
ကျွန်မပြောပြလိုက်ပါမယ်
B- ပစ္စည်းဥစ္စာ ယခုတိုးပွားတဲ့
လူမျိုးခြားတွေနဲ့ စံမနှိုင်းပါနဲ့
အမှန်အတိုင်း ဆိုချင်တယ်
A- ပစ္စည်းဥစ္စာ ယခုတိုးပွားတဲ့
လူမျိုးခြားတွေနဲ့ စံမနှိုင်းပါနဲ့
အမှန်အတိုင်း ဆိုချင်တယ်
B- သိန်းပေါင်းကုဋေ မရေနိုင်
တို့ပိုင် ဥစ္စာကြွယ်
စစ်ကိုင်းအနောက်ဘက် တောင်ပေါ်ဝယ်
တို့ပစ္စည်းတွေ ကြည့်နိုင်တယ်
နိဗ္ဗာန်ရောက်အောင် ပါရမီကြွယ်
နန်းတော်ရှေ့ကို မေးလာကြရင်
သူဌေးဝါဒကို
ကျွန်မပြောပြလိုက်ပါမယ်
A- တိုက်တွေ....နဲ့
စက်တွေ အိမ်တွေ.....
ဘာသာ မျိုးခြားတို့
ပိုင်တာတွေ ဆိုင်တာတွေတဲ့ ရှင့်
ဆို ပါ လေ တုံ ငြား သော်လည်း
တို့ဗမာ စည်းပွားဥစ္စာ
ကျောင်းကန် များရယ်
ဘုရားတွေ အကုန်တည်
နန်းတော်ရှေ့ကို မေးလာကြရင်
သူဌေးဝါဒကို
ကျွန်မပြောပြလိုက်ပါမယ်
B- တိုက်တွေ....နဲ့
စက်တွေ အိမ်တွေ.....
ဘာသာ မျိုးခြားတို့
ပိုင်တာတွေ ဆိုင်တာတွေတဲ့ ရှင့်
ဆို ပါ လေ တုံ ငြား သော်လည်း
တို့ဗမာ စည်းပွားဥစ္စာ
ကျောင်းကန် များရယ်
ဘုရားတွေ အကုန်တည်
နန်းတော်ရှေ့ကို မေးလာကြရင်
သူဌေးဝါဒကို
ကျွန်မပြောပြလိုက်ပါမယ်
A- ငွေလိုချင်ရင် ငွေဖြစ်ရမယ်
ရွှေလိုချင်ရင် ရွှေဖြစ်ရမယ်...ကွယ်
လူ စိတ်ဓာတ်ဟာ
လောကအမြတ်ဆုံး တစ်ကယ်
B- စိန်လိုချင်ရင် စိန်တွေဖြစ်ရမယ်
အိမ်လိုချင်ရင် အိမ်တွေဖြစ်ရမယ်...ကွယ်
လူ စိတ်ဓာတ်ဟာ
လောကအမြတ်ဆုံး တစ်ကယ်
A- သြော် ချစ်တဲ့ရည်းစား
စွဲလန်း မိတော့
မကြာဧကန် ရတတ်တယ်
ဤပမာကို မှတ်ကြဖွယ်
မောင်လိုချင်တာ ရလိမ့်မယ်
ခင်လိုချင်တာ ပို့လိုက်ကွယ်
နန်းတော်ရှေ့ကို မေးလာကြရင်
သူဌေးဝါဒကို
ကျွန်မပြောပြလိုက်ပါ....မယ်....
ကျေးဇူးတင်ပါတယ်