menu-iconlogo
logo

မ မချစ်လို့မဖြစ်

logo
Letra
သီချင်း - မ မချစ်လို့မဖြစ်

တေးဆို - အဲလက်စ်

ငယ်သေးတဲ့အချစ်မို့

မလေးစားတာလားပြောပါ

ကျွန်တော်သိပ်ချစ်တတ်တာ

ကျွန်တော်သာအသိပါ

လိမ်ပြီးမပြောတတ်တာ

ကလေးလေးဘဝတည်းကပါ

မမ နားလည်ငဲ့ညာပါ

ဆုတောင်းကောင်းခဲ့တဲ့

မရဲ့ အလှများထဲမှာ

ကျွန်တော်လဲလဲကျတာ

ကျွန်တော်သာအသိပါ

ညတိုင်းပဲ မကို

အိပ်ပျက်ခံပြီးလွမ်းတာ

ကျွန်တော့်ရဲ့အဖြစ်ကို သနားပါဗျာ

စားမရအိပ်မရ အချိန်တွေထဲ

သွေးအားနည်းလို့ပိန်လာပြီ မရယ်

မ မချစ်လို့တော့သေနိုင်တယ်

အပိုတွေမဆိုဘူးယုံတော့ကွယ်

မ မှမချစ်ရင် ဘဝပျက်သွားနိုင်တယ်

ဟုတ်တယ်

မ မှမချစ်ရင်ဘဝပျက်သွားနိုင်တယ်

ခံစားချက်ပြင်းလို့

ညညအော်တဲ့သီချင်းသံ

အိမ်နီးနားချင်းတွေ ငြိုငြင်လို့လာ

ဘာဖြစ်ဖြစ် မကို

အချစ်ကတစက်ကလေး မလျော့ပါ

ကျွန်တော်သတ္တိရှိစွာ ချစ်မှာပါ

ဆုတောင်းကောင်းခဲ့တဲ့

မရဲ့ အလှများထဲမှာ

ကျွန်တော်လဲလဲကျတာ

ကျွန်တော်သာအသိပါ

ညတိုင်းပဲ မကို

အိပ်ပျက်ခံပြီးလွမ်းတာ

ကျွန်တော့်ရဲ့အဖြစ်ကို သနားပါကွာ

စားမရအိပ်မရ အချိန်တွေထဲ

သွေးအားနည်းလို့ပိန်လာပြီ မရယ်

မ မချစ်လို့တော့သေနိုင်တယ်

အပိုတွေမဆိုဘူးယုံတော့ကွယ်

မ မှမချစ်ရင် ဘဝပျက်သွားနိုင်တယ်

ဟုတ်တယ်

မ မှမချစ်ရင် ဘဝပျက်သွားနိုင်တယ်

ဟုတ်တယ်

မ မှမချစ်ရင် ဘဝပျက်သွားနိုင်တယ်