ငယ်ချစ်ဦးမိုး
အောင်မြင့်မြတ်
မိုးဘက်ကအစွမ်းကုန် ပေးထားပေမယ့်
ကိုယ်ဟာယူနိုင်စွမ်း မရှိသူပါ
မိုးကတော့...
ပိုလျှံနေအောင်ပေးတတ်...သူ
မိုးဘက်ကနားလည် ခွင့်လွှတ်ချင်လည်း
ကိုယ်တာဝန်မကျေခဲ့ မိသူပါ
မိုးကတော့
နာကျင်နေတောင် ကြိတ်မှိတ် နေသူ
:ဒါကြောင့်မိုးကို သိပ်ချစ်တယ်
သိပ်ချစ်တယ် ဘယ်နှစ်ခါမေးမေး
မပြောင်းတဲ့အဖြေ
မိုးပြတ်သားတော့ ကိုယ်မယုံရဲဘူး
ပုံမှန်ပဲ ထင်ခဲ့မိတယ်
မိုးပေါ်မလာတော့မှ ..
သြော်..သေချာသွားတာ.....
~ အချိန်ကြာကြီးပဲ..ဟဲ...မိုးရယ်...
တကယ်ဆယ်စုနှစ်လောက်ချစ်ခဲ့ပေမယ့်
အရာရာအတွက် မိုး ဘက်ကနာတယ်
ဒါကိုကိုယ်လည်းအသိပါ
မိုးလည်းအသိပေါ့ကွယ်
အချိန်ကြာကြီးပဲ..ဟဲ...မိုးရယ်
အရာရာအတွက် မိုးဒုက္ခခံတယ်
ကိုယ်နဲ့မိုးမဝေး မိုးအတွက်ထင်တယ်
အချိန်တွေကြာတဲ့အခါမှာ
မိုးစိတ်ပျက်သွားတဲ့
အဖြစ်အတွက် ကိုယ်ယူကျုံးမရဖြစ်နေဆဲ
မယုံနိုင်သေးဘူးအခုထိကွယ်
ပြန်အပြစ်ဆေးပြီး မိုးဆီလည်း
ပြန်လာဖို့အတွက် အခွင့်ရချင်
တစ်ခါပြန်ကြိုးစားဖို့
အချိန်ထပ်ရအုန်းမလား
ငယ်ချစ်ဦးမိုးရာ.....
........
:ဒါကြောင့်မိုးကို သိပ်ချစ်တယ်
သိပ်ချစ်တယ် ဘယ်နှစ်ခါမေးမေး
မပြောင်းတဲ့အဖြေ
မိုးပျက်သားတော့ ကိုယ်မယုံရဲဘူး
ပုံမှန်ပဲ ထင်ခဲ့မိတယ်
မိုးပေါ်မလာတော့မှ ..
သြော်..သေချာသွားတာ.....
~ အချိန်ကြာကြီးပဲ.....
မိုးရယ် ...
အချိန်အကြာကြီးပဲ...........
မ်ိုးရယ် ....မိုးရယ်
အချိန်အကြာပြီးပဲ..ဟဲ မိုးရယ်
အရာရာအတွက် မိုးဒုက္ခခံတယ်
ကိုယ်နဲ့မိုးမဝေး မိုးအတွက်ထင်တယ်
အချိန်တွေကြာတဲ့အခါမှာ
မိုးစိတ်ပျက်သွားတဲ့
အဖြစ်အတွက် ကိုယ်ယူကျုံးမရဖြစ်နေဆဲ
မယုံနိုင်သေးဘူးအခုထိကွယ်
ပြန်အပြစ်ဆေးပြီး မိုးဆီလည်း
ပြန်လာဖို့အတွက် အခွင့်ရချင်
တစ်ခါပြန်ကြိုးစားဖို့
အချိန်ထပ်ရအုန်းမလား
ငယ်ချစ်ဦးမိုးရာ.........