V:1•••တော်ပါပြီအချစ်ဆို စိတ်ကနာ
အပူတွေငါ ထပ်မလိုချင်တော့ပါ
ဒီလိုငါ ဆုံးဖြတ်ထားပြီးမှ
ဪ..တွေ့ခဲ့တဲ့မင်းနဲ့..
ဒီတခါနောက်ဆုံးလို့ ဆုံးဖြတ်ကာ
အကုန်ငါပုံအောလို့ ချစ်ထားသမျှ
ခန့်မှန်းရသိပ်ခက်တယ်...
နင်တဖြည်းဖြည်းနဲ့ ပြောင်းလဲ
အချစ်တွေ ငါ့အပေါ်ကုန်သွားမလား
CHO:•••နင်ပျော်ရင်လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ...
မကြည့်နဲ့တော့ ငါ့ဘက်က မျက်ရည်
နင်ပျော်ရင် လုပ်လိုက်ပေါ့ အချစ်ရယ်...
V:2•••အရင်ဆိုနင် ငါ့ကိုအမြဲပြောတာ
အချိန်ကြာလာလည်း ပိုဂရုစိုက်ပါ
ငါဂရုစိုက်လို့ပြောတဲ့ ဒီစကားများ
အခု မင်းအတွက်
ချုပ်ချယ်တယ်နင် မြင်တဲ့အခါ
ငါဘာလုပ်ရမလဲငါမသိတော့ဘူး
ဆုံးရှုံးမှာ ကြောက်လို့ စိတ်တွေပူ
အချစ်ကလွဲပြီးလည်း ဘာမှမပေးနိုင်သူ
မပျော်ဘူးဆို ဆွဲလို့မထားရက်ဘူး
ကလေးရယ်......
နင်မွန်းကြပ်လို့ ရုန်းထွက်ချင်ရင်လည်း
CHO:•••နင်ပျော်ရင်လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ...
မကြည့်နဲ့တော့ ငါ့ဘက်က မျက်ရည်
နင်စိတ်ကြိုက်ပေါ့ အချစ်လေး..
ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ..
အသည်းကွဲလို့ ဘဝမပျက်နိုင်ပေမယ့်
ငါ့ဘဝထက် ချစ်ခဲ့တော့ ခက်တယ်
နင်ပျော်ရင်လုပ်လိုက်ပေါ့ အချစ်ရယ်
Bridge:•••အချစ်တူချင်းတူခဲ့ရင်လေ
ငါပိုချစ်ရသောသူဖြစ်ပါစေ
ဝဋ်ကြွေးတွေရှိခဲ့ဖူးရင်လေ
ဒီဘဝမှာပဲကြေရပါစေ
နောက်ဘဝများဆုံခဲ့ရင်လေ
ဒီ့ထက်တို့ပိုချစ်မယ်လေ အချစ်ရေ...
CHO:•••နင်ပျော်ရင်လုပ်လိုက်ပါ အချစ်လေး
ဒီလူကို ပေးခဲ့လိုက်အရှုံးတွေ
ရှေ့ဆက်မင်း အမြဲတမ်းပျော်ပါစေ...
မကြည့်နဲ့တော့ ငါ့ဘက်က မျက်ရည်
ဟိုး..ဝိုးးဝိုးး....
နင်စိတ်ကြိုက်ပေါ့ အချစ်လေးးးး
ဒဏ်ရာတွေ ငါ့အတွက်တော့ရိုးနေ
အသည်းကွဲလို့ ဘဝမပျက်နိုင်ပေမယ့်
ငါ့ဘဝထက် ချစ်ခဲ့တော့ ခက်တယ်..
ဟိုးးဝိုးးဝိုးးဟိုး....
နင်ပျော်ရင်လုပ်လိုက်ပေါ့ အချစ်ရယ်
ဟိုးးဝို..ဟိုးးး
နာနာ နာ့နာနားနားနာ..
ဟိုးးဝိုဟိုးးးးး
နင်စိတ်ကြိုက်ပေါ့ အချစ်လေးးးး
ဟိုး.....