menu-iconlogo
huatong
huatong
avatar

မွေးရပ်မြေ (Produced by San Moe Htet)

DoubleJhuatong
niecy_bhuatong
Letra
Gravações
သီချင်း - မွေးရပ်မြေ (Produced by San Moe Htet)

တေးဆို - DoubleJ

နေရာသစ်တစ်ခုမှာ မင်းမွေ့ပျော်လည်း

နယ်မြေဟောင်းလေးကိုမေ့မရနိုင်ခဲ့

ဒီလိုပဲ ငါ့အဖြစ်ကလည်း

အချစ်ဆုံးတော့မေ့မရခဲ့

သာယာမှုတစ်ခုကို အချစ်လို့ထင်ခဲ့

မတော်တဆ စိတ်ကစားမိချင်လည်း

တကယ် အချစ်မှမဟုတ်ခဲ့ပဲ

တစ်ကိုယ်ကောင်းစိတ်ထားမိခဲ့

ကျရှုံးမှုဒဏ်များနဲ့ ဒုက္ခတွေကြား

မလိုလားအပ်တဲ့ သွေးထိုးစကားများကတား

အခက်အခဲများထဲ ဖေးမခဲ့

အလင်းတန်းလေးအလား

နင်ဟာဘုရားကပေးတဲ့ ငါ့ရဲ့ကမ္ဘာ

တန်ဖိုးထားရမှန်းမသိတော့ ဥပစ်ခါပြု

ဝေးသွားမှမင်းအချစ်ကိုတမ်းတကာရူး

နောက်ကျသွားတဲ့ အမှားတစ်ချို့နဲ့

ငါပြောမထွက်လိုက်တဲ့ စကားတစ်ချို့ရယ်

ပြန်လာချင်တယ် ပြန်ခုံမင်တယ်

ငယ်စဉ်တုန်းက အမှတ်တရမြို့ဟောင်းလေး

ပြန်လိုချင်တယ် ငါမျှော်လင့်မိတယ်

တချိန်တုန်းက ချစ်သူလေးမင်းကို

လွမ်းမိတယ် ငါလွမ်းမိတယ် Ohhh

လွမ်းမိတယ် ငါသတိရတယ်

ဒီမြို့လေးထဲမှာ အမှတ်တရတွေအပြည့်

မူကြိုကျောင်းလေးက ဒန်းစီးချင်သေး

အမေပေးတဲ့ ထမင်းဘူးလေး

ကျွန်တော်အခုထိလုံးဝမမေ့

အသက်ကြီးတော့ မင်းလေးကိုတွေ့

ထပ်ပြီးတော့ အမှတ်တရတွေပြည့်

သူမ ပြောတဲ့ စကားလုံးလေး

ကျွန်တော်အခုထိလုံးဝမမေ့

မြို့ပြမှာ ငါ့အတွက် အေးချမ်းဖွယ်မရှိ

များပြားတဲ့ကားများကြောင့်အမြဲနားတွေညည်း

ငါသတိရတော့မှလွမ်းမိခဲ့

နယ်မြို့လေးနဲ့အခုတော့အဝေးကြီးပဲ

အနမ်းများရဲ့ဒဿနကို

မင်းနဲ့ အတူတွေးမယ်

ကြယ်လေးများရဲ့ အကြောင်းများကို

သီချင်းစပ်လို့ရေးမယ်

ရင်ဘတ်တစ်ခုလုံးက

မင်းလေးအတွက်အနွေးထည်

ငါ့နှလုံးသားရဲ့ အနီးဆုံးထိထွေးဖက်ပေးမယ်

ပြန်လာချင်တယ် ပြန်ခုံမင်တယ်

ငယ်စဉ်တုန်းက အမှတ်တရမြို့ဟောင်းလေး

ပြန်လိုချင်တယ် ငါမျှော်လင့်မိတယ်

တစ်ချိန်တုန်းကချစ်သူလေးမင်းကို

လွမ်းမိတယ် ငါလွမ်းမိတယ် Ohhh

လွမ်းမိတယ် ငါသတိရတယ်

Ohhh .. Ohhh .. Ohhh

Ohhh .. Ohhh .. Ohhh

Mais de DoubleJ

Ver todaslogo