menu-iconlogo
huatong
huatong
avatar

တမလွန်ရောက်ချစ်သူ

G Fatthuatong
A_N_Chanhuatong
Letra
Gravações
“တမလွန်ရောက်ချစ်သူ”

တေးဆို ~ G Fatt

Uploaded by MSD group.

~~~~~~~~~~~~

ဟိုးအဝေးဆီက အသံများကြား

နင်များလား ငါနားစွင့်မိတယ်

ဒို့အတိတ်တွေ ပြန်ေ၇ာက်ချင်လည်း

တကယ်မဖြစ်နိုင်မှန်း

ငါလည်းသိပါရဲ့

လူတွေဝိုင်းပြောကြတဲ့

ဒီအနိစ္စတရား ငါဘယ်လက်ခံနိုင်မလည်း

ဘယ်သူတွေဘယ်လို တားတားကွယ်

နင်တွေးကြည့်ဦး ဘယ်မေ့နိုင်မှာလည်း

လွမ်းနေတယ် အိုမင်းကိုငါ....

ဘယ်မေ့နိုင်မှာလည်း

လွမ်းနေတယ်အို မင်းကိုငါ......

ဘယ်လိုမေ့လို့ ရမလည်း

Rap.1

သူငယ်ချင်းတွေဝိုင်း တရားချကြတယ်

လူတိုင်းတစ်နေ့ ဒီလမ်းသွားရမှာတဲ့

သူ့ရုပ်ကလာပ်လေး ကြည့်ချင်သေးလို့ပါကွာ

မတားကြပါနဲံ

ငါ့ဘ၀ကမ္ဘာထဲ

ပြန်လာဖို့ တသသမှာဆဲ

အနားကတစ်ဖ၀ါးမှ မခွာပဲနေမယ်ဆို

ဘာလို့အခု ထားသွားတာလည်း

ပန်းစည်းတွေ ကြားမှာမင်းက

နဂိုထက်ပိုပြီးလှ

လွမ်းပြီး သေသွားပါစေ

မျက်ရည်တစက်စက် ယိုစီးကျ

နှစ်ကိုယ်တည်း စကားလေးတွေပြော

သီချင်းတွေ ဆိုညည်းတာကိုသတိရ

ဝမ်းနည်းသီဆိုမိ ထားလည်း

ရင်ကွဲပက်လက် ငိုမိတာ

ဖြေရှင်းမရ သေချင်းတရား

ခြေရင်းမှာ ကွေကွင်းသွား

နေမင်းက ပူလောင်လွန်းလို့

တိုက်ခိုက်နေတဲ့ လေပြင်းများ

ဒါငါ့ရဲ့အဖြူစင်ဆုံး

ပြောတဲ့သဘာဝ ဘမ်းစကားပါ

နှလုံးသားနဲ့ ဂုဏ်ပြုလိုက်တယ်

သူ့ဇာပန အခမ်းအနားအား

~~~~

လွမ်းနေတယ် အို..မင်းကိုငါ

ဘယ်မေ့နိုင်မှာလည်း

လွမ်းနေတယ် အို...မင်းကိုငါ

ဘယ်လို မေ့လို့ရမလည်း

ဘယ်ဘ၀ရဲ့ကံ ၀ဋ်ကြွေးများလည်း

သေခြင်းတရားရယ်

ငါ့အသည်း နှလုံးကိုကွယ်

နောက်တစ်နေ့ဆိုရင် ကမ္ဘာကြီးထဲက

နင်ထွက်သွားတာ

ခုနစ်ရက် ပြည့်တော့မယ်

ဖြေမဆည်နိုင်ဘူး အချစ်ရယ်

နင်ရှိရာအရပ် ငါလိုက်ခဲ့ချင်ရဲ့

တမလွန်မှာလည်း ငါ့လို့

နင်လည်းကြေကွဲ

ငိုကြွေးနေမှာပဲ

လွမ်းနေတယ် အို...မင်းကိုငါ

ဘယ်မေ့နိုင်မှာလည်း

လွမ်းနေတယ် အို..မင်းကိုငါ

ဘယ်လိုမေ့လို့ ရမလည်း...

Rap.2

လွမ်းယုံကလွဲလို့ ဘာများထူးတော့မှာလည်း

မင်းရဲ့စိတ်နဲ့ ကြာရင်မလွယ်ဘူး

ဒီကောင် ရူးတော့မှာပဲ

အလှဓာတ်ပုံတွေနဲ့ ငါတို့လက်ထပ်စာချုပ်

ငါအကုန်လုံး ဆုတ်ဖြဲလိုက်တယ်

ရင်ထဲ တဆတ်ဆတ်နာလို့

မျက်လုံးလေး ဖွင့်ပါဦးကွာ

နှုတ်ခမ်းလေးများက ပြုံးသလား

လုံးဝ ငါမယုံကြည်နိုင်ဘူး

သူအသက်ရှင် နေတုန်းပါ

ရင်ခွင်တစ်ခုလုံး ဗလောင်ဆူနေပြီ

ငါ့ကမ္ဘာ ပျက်သလို

မင်းမရှိတော့ ဘယ်လိုရှေ့ဆက်မလည်း

ဘ၀အနာဂတ်သို့

မင်းအကြောင်းတွေ ငါ့ခေါင်းထဲ

ရောက်ရောက် လာတတ်တယ်

နင်ပါတဲ့ အိပ်မက်တွေလည်း

တောက်လျှောက် ငါမက်တယ်

မျက်နှသာမပေးတဲ့ ကံကြမ္မာ

အဖတ် ဆည်လည်းမရ

ပြန်ဆုံကြမယ် ဒီသံသရာ

တစ်ပတ်လည်တဲ့အခါ

လွမ်းနေတယ် အို..မင်းကိုငါ

ဘယ်မေ့နိုင်မှာလည်း

လွမ်းနေတယ် အို..မင်းကိုငါ

ဘယ်လိုမေ့လို့ ရမလည်း

လွမ်းနေတယ် အို...မင်းကိုငါ

ဘယ်မေ့နိုင်မှာလည်း

လွမ်းနေတယ် အို..မင်းကိုငါ

ဘယ်လိုမေ့လို့ ရမလည်း....

Thank You

Mais de G Fatt

Ver todaslogo