Black Rose
ဆို - Ice Cold , Htet naing , D sky
ဒီဘဒ္ဒမည်ရှိ ကမ္ဘာပေါ်မှာ
လူဖြစ်ကာအသက်စတည်သည့်
အချိန်ကစအခုချိန်ထိငါ့မှာ
အချစ်စစ်ဆိုတာအနတ္တအတည်မရှိ
သက်ကျမည်သည့်ဘ၀ခရီးကြမ်း
အချစ်အတွက်ဆိုသေနတ်ကကျည်မရှိ
တတိယအချီထိထိုးသတ်လဲနောက်ဆုံး
အချစ်ရှုံးသွားငါ ဒဿဂီရိ
အတိတ်ရက်တို့အိပ်မက်ဆန်ခဲ့
ကိန္ဒရီ ကိန္ဒရာ လို တိမ်ထက်ပျံ၀ဲ
အချစ်အမတ်ကြီးဇိမ်ထက်ခံလည်း
နေ့ရက်တွေကုန်ဆုံးအချိန်လက်ကျန်နဲ
မင်းမရှိတဲ့ငါ့အနာဂတ်ခြောက်ကပ်
တိတ်ဆိတ်ပီးငြိမ်သက်အသံမဲ့
လောကဓံမုန်တိုင်းတွေအရှိန်ခက်ထန်လဲ
၀ဋ်ကြွေးကျေဖို့အကြိမ်ကြိမ်လက်ခံခဲ့
နှလုံးသားလဲကျမ်းတွေပုတ်ယိ
မင်းရဲ့မေတ္တာစမ်းရေမဟုက်သည့်
ငါ့ရဲ့ဘ၀ကမ်းခြေမြုပ်မည့်
လှိုင်းတံဘိုးကြမ်းအောက်မှာအပန်းဖြေထုတ်မိ
အရင်ကနင်အရမ်းခြေရှုပ်သည့်
သတင်းတွေကြားလဲငါနှုတ်ခမ်းတွေစုပ်မိ
မင်းဓာတ်ပုံနဲ့video recordတွေသတိရတိုင်း
ငါအလွမ်းပြေထုတ်ကြည့် ပြန်လှည့်ချင်ပေမယ့်
နောက်ပြန်လှည့်ဖို့အတွက်လမ်းတွေကျုပ်မသိ
ပန်းတွေပုံအိတဲ့ဥယျာဥ်ကြီးထဲမှာ
ငါတယောက်ထဲရေဖျန်းနေတုန်းအမိ
စောင့်နေတာပြန်ခဲ့အမြဲငါအမှားလို့သာ
အနှိမ်တာခံလဲခါးနေတဲ့ဘ၀ကို
ချိုသွားအောင်ချိန်ပြီးတော့
ထိုးပလိုက်ချင်တယ်အရိန္နမာလှံနဲ့
အဆုံးထိကျတဲ့စိတ်ဓာတ်ပြင်ဆင်ရင်
ကိုယ်ကျိုးပါနဲ ငါ ငုံမိသွားခဲ့အဆိပ်တခွက်
ရင်ခွင်တွေငိုလို့သာတွဲခိုကိုးရာမဲ့ဘ၀က
ရိုကျိုးတာအမြဲခဏခဏပိုဆိုးလာခဲ့
ငါ့အသည်းမင်းအမုန်းမီးတွေကြားမှာဖိုမထိုးပါနဲ့
အသည်းမာပြီးလူတွေကိုနင်ငှဲ့ညာမကြည့်
နင့်စိတ်ကူးထဲငါမရှိသေမထူးနေမထူးတော့
အသည်းတွေကွဲတာကြီးအိပ်မက်များနဲ့
ညဘက်နှိပ်စက်ရင်ခွင်တစုံကိုပြုစားပြစ်ခဲ့
ခွဲစ်ိတ်ခန်းထဲမှာသုံးဖို့ထားတဲ့ဓါးဖြင့်ခွဲ
ငါဒီလောက်ချစ်တာတောင်မှ
သူတခြားတယောက်ကိုစိတ်ကစား
နင်ခလုတ်တိုက်ခဲ့တဲ့ဒီနှလုံးသားဟာ
အကောင်းအတိုင်းဖြစ်အုံးမလား
ငါ့ပုခုံးထက်လာခိုနားနင့်သစ္စာတရားတွေ
ပန်းပွင့်လိုကြွေကျငါရိုးရိုးသားသား
ချစ်မိလို့များ စိုးစိုးရွားရွားကျန်ခဲ့တာများလား
^^^^Up by JUE^^^^
ငါ့အသည်းကိုအထပ်ထပ်ခွဲအမုန်းတရားက
မင်းသုံးတဲ့လက်နက်ပဲ ချိန်ထားတဲ့နေရာကို
ပြေးလာတာနေပူထဲမှာငါကညှပ်ဖိနပ်နဲ့
တခြားတယောက်နဲ့Air con ခန်းထဲမှာ
သာယာမှုကအဆင်မပြတ်ပဲ မင်းပေးတဲ့
အချစ်ရဲ့ရလာဒ်ကနောက်ဆုံးမှာရင်ကွဲပြီးပတ်လပ်လဲ
အသက်ထက်ပိုချစ်တာတဲ့ငါငတ်နေတာ
မင်းပေးမယ့်မေတ္တာပဲတောင်းပန်တယ်
အမုန်းတွေကြားထဲကိုအသက်ရှုမရအောင်
စွဲပြီးတောမနှစ်ပါနဲ့တချိန်ကငါ့ရဲ့
ကျောကုန်းကမင်းနင်းသွားဖို့လှေခါးထစ်ပါပဲ
ချစ်တတ်တဲ့စိတ်တွေကိုမြေပုံစိုက်ထူကာ
မြုပ်လိုက်ပြီမြေကြီးထဲမှာပဲ
မင်းတရံတခါပတ်သက်တဲ့မင်းနဲ့ငါ့မှာ
နာကျင်မှုကအဆက်မပြတ်ဘီလူးခေါင်း
စောင်းထားတဲ့မင်းသမီးနဲ့မတွေ့ပါစေနဲ့
သံသရာမှာအဆက်ဆက်ဘုရားမှာ
အမြဲငါဆုတောင်းငါ့ရဲ့အချစ်ကဘယ်တော့မှ
လူလားမမြောက်မင်း၀ဋ်အကြီးကြီလည်မှာပါ
ငါပေးတဲ့အချစ်တွေကိုယူသွားသလောက်
နာကျည်းစိတ်တွေပြည့်နေလို့အခုတော့မင်းကို
Heavyတွေမုန်းတီးငါ့အချစ်ဆိပ်တွေဆူးမယ့်
နင့်ကိုကြည့်နေဦးမယ်မဲ့ပြုံးတွေပြုံးပြီး
တက်နေတဲ့ကံကြမာရဟတ်ကြီးလည်တုန်းမှာ
စိတ်ကြိုက်မင်းကြွယ်အုံးကွာမင်းပြန်ကျလာတဲ့
နေ့ကိုကြည့်ပြိးဟားးတိုက်ပြီးတော့ကိုရယ်အုံးမှာ
အရာရာပျက်ယွင်းခဲ့ငါ့အိပ်မက်တွေကို
အခါခါတက်နင်းလည်းphပိတ်ပြီးအမုန်းကို
အကြိမ်ကြိမ်အသက်သွင်းတဲ့နင့်ကိုငါချစ်တာ
ရင်တွေနာလို့တကယ်
အရာရာပျက်ယွင်းခဲ့ငါ့အိပ်မက်တွေကို
အခါခါတက်နင်းလည်းphပိတ်ပြီးအမုန်းကို
အကြိမ်ကြိမ်အသက်သွင်းတဲ့နင့်ကိုငါချစ်တာ
ရင်တွေနာလို့တကယ်
ငါဒီလောက်ချစ်တာတောင်မှ
သူတခြားတယောက်ကိုစိတ်ကစား
နင်ခလုတ်တိုက်ခဲ့တဲ့ဒီနှလုံးသားဟာ
အကောင်းအတိုင်းဖြစ်အုံးမလား
ငါ့ပုခုံးထက်လာခိုနားနင့်သစ္စာတရားတွေ
ပန်းပွင့်လိုကြွေကျငါရိုးရိုးသားသား
ချစ်မိလို့များ စိုးစိုးရွားရွားကျန်ခဲ့တာများလား
အို အို အို အို အို့ အို နာ နာ့ နာ နာ့ နာ နာ
အို အို အို အို အို့ အို နာ နာ့ နာ
Thank?