သို့...အတိတ်က
အားလုံးထက် ပိုချစ်ပြမယ်ဆို
ဒီစကားလေးတခွန်း ငါကြားခဲ့ဖူးတာမို့
မင်းရဲ့စကားတွေ လေပြေထဲမှာ ညင်သာစွာလဲပြို
မင်းသိပ်ချစ်ခဲ့သူ မဖြစ်ခဲ့ရပါတို့
ဘဝတွက် မရှိမဖြစ်လို့ ချစ်တာဆို
ဒါဆို ဘာကြောင့်
ငါ့တစ်ယာက်ထဲ ထားခဲ့တယ်မေးချင်လို့
ကျေးဇူး အချစ်ရေအိမ်မက်ထဲမှာ
အိပ်မက် မက်ခိုင်းလို့
ဒီဘဝတော့ တို့ဒီမျှနဲ့ဝေးပါစို့
ငါ ချစ်ဖူးခဲ့ပါသည်
အချစ်က နာကျင်စေမှန်းသိပြီ
ငါ ယုံစားခဲ့လေသည်
ဂတိတွေ လွယ်လွယ် ပျက်ခဲ့ပြီ
ရူး..မိုက်စွာ ဒီနှလုံးသားနဲ့ ချစ်မိပြီး
နောက်ဆုံးတော့ အသည်းသာကွဲခဲ့ရပါသည်
တစ်နေ့နေ့တို့တွေ လက်ထပ်ကြမယ်ဆို
ပြန်တွေးတိုင်း ယနေ့တိုင်လွမ်းမိဆဲပါတို့.
မင်းရဲ့စကားတွေ အိမ်မက်ထဲမှာ
ငြင်သာစွာလဲပြို
မင်းလက်ထပ်မဲ့သူ မဖစ်ခဲ့ရပါတို့
ငါ ချစ်ဖူးခဲ့ပါသည်
အချစ်က နာကျင်စေမှန်းသိပြီ
ငါ ယုံစားခဲ့လေသည်
ဂတိတွေ လွယ်လွယ်ပျက်ခဲ့ပြီ
ရူး..မိုက်စွာ ဒီနှလုံးသားနဲ့ ချစ်မိပြီး
နောက်ဆုံးတော့ အသည်းသာကွဲခဲ့ရပါသည်
ငါ ချစ်ဖူးခဲ့ပါပြီ
အချစ်က နာကျင်စေမှန်းသိပြီ
ငါ ယုံစားခဲ့လေသည်
ဂတိတွေ လွယ်လွယ်ပျက်၏
ရူး..မိုက်စွာ ဒီနှလုံးသားနဲ့ ချစ်မိ...
နောက်ဆုံးတော့ ငါအသဲကွဲခဲ့ပါပြီ