သီချင်း : တောင်းဆု
တေးဆို : ကေကေမိုး
မိုးစက်များနဲ့လွှင့်တဲ့ငါ့ကောင်းကင်
နင်အေးချမ်းသွားဖို့ခဏလောက်ရွာသွန်းပေးချင်
ဒီမိုးစက်များနဲ့မင်းပျော်ပါမျက်ဝန်းများထဲကမိုးတိမ်လွှာ
ရွာသွန်းပေးလိုက်မယ်မင်းအတွက်ဆို
အဆင်သင့်ပဲဂုဏ်တံတိုင်းများအထပ်ထပ်
မင်းနဲ့ငါ့ကြားမှာငွေကြေးရဲ့တန်ခိုးကအချစ်ထက်ပိုသလားကွာ
ဒါတွေကိုမေ့လျှော့ထားတယ်ငါ ငါဟာလေပါရမီဖြည့်ဖက်ပါ
နှောင်ကြိုးများရစ်ပတ်အမြဲလိုငါရူးနေ
စွန့်ပစ်လိုက်ပါအချစ်ရေငါ့ရဲ့အချစ်နဲ့မထိုက်တန်ဘူးလေ
ယုံကြည်နေလိုက်ပါတစ်ချိန်မှာနင်နဲ့ငါ
ပြန်ဆုံနိုင်အောင်တောင်းဆုပြုခဲ့ပြီပဲ
စွန့်လွှတ်လိုက်ပါအချစ်လေးငါ့ရဲ့အချစ်နဲ့မထိုက်တန်ဘူးလေ
အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုကာပြရင်ငါ့အတွက်တော့
စွန့်လွှတ်ပေးဆပ်ခြင်း
မင်းရဲ့နံဘေးကအရုပ်တစ်ရုပ်ပါပဲငါ
မှားယွင်းမှုကမရှိသလောက်ပါပဲလား
ဒါတွေကိုမင်းပဲသိမှာပါ
ငါဟာလေပါရမီဖြည့်ဖက်တစ်ယောက်ပါ
နှောင်ကြိုးများရစ်ပတ်အမြဲလိုငါရူးနေ
ဟိုး...ဟိုး...ဟိုး…..
စွန့်ပစ်လိုက်ပါအချစ်ရေငါ့ရဲ့အချစ်နဲ့မထိုက်တန်ဘူးလေ
ယုံကြည်နေလိုက်ပါတစ်ချိန်မှာနင်နဲ့ငါ
ပြန်ဆုံနိုင်အောင်တောင်းဆုပြုခဲ့ပြီပဲ
စွန့်လွှတ်လိုက်ပါအချစ်လေးငါ့ရဲ့အချစ်နဲ့မထိုက်တန်ဘူးလေ
အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုကာပြရင်
ငါ့အတွက်တော့စွန့်လွှတ်ပေးဆပ်ခြင်း
စွန့်ပစ်လိုက်ပါအချစ်ရေငါ့ရဲ့အချစ်နဲ့မထိုက်တန်ဘူးလေ
ယုံကြည်နေလိုက်ပါတစ်ချိန်မှာနင်နဲ့ငါ
ဟို..ဝိုး...စွန့်လွှတ်လိုက်ပါအချစ်လေး
ငါ့ရဲ့အချစ်နဲ့မထိုက်တန်ဘူးလေ
အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုကာပြရင်
ငါ့အတွက်တော့စွန့်လွှတ်ပေးဆပ်ခြင်း
ငါ့အတွက်တော့စွန့်လွှတ်ပေးဆပ်ခြင်း