menu-iconlogo
huatong
huatong
avatar

ချစ်အယူခံ

Khin Maung Htoohuatong
terfehr1huatong
Letra
Gravações
သီချင်း - ချစ်အယူခံ

တေးဆို - ခင်မောင်ထူး

မပြေလည်နိုင်အောင် သူကကြံရွယ်တယ်

ရင်မှာချစ်အားလေး ညိုးငယ်ရပါတယ်

ပြေလည်အောင်ဖြေရှင်းပါမယ်လေ

အယူခံ ဒီစကားလေးပြောပြတော့မယ်

အကြင်နာဆုံး ကိုယ်ရဲ့အချစ်ဆုံးရယ်

နေပါဦး မုန်းလိုက်တော့မှာလားလေကွယ်

ကြင်နာတဲ့သူလေး ရှောင်ပြေးလေတော့

ကိုယ်တစ်ယောက်တည်း

အခုတော့ ကြေကွဲပြီ

ကြင်သူရေ...

ကိုယ်တစ်ယောက်တည်းဆွေးပြီ

အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား..

တစ်ယူသန်ပဲဆုံးဖြတ်တော့မှာလားမေရယ်

အကျိုးအကြောင်းလေး မောင်ပြောပြမယ်

ကြင်သူရေ...

ခေါ်သံလေးကြားရင်

အချစ်ဟောင်းလေးကို

ခဏလောက် လှမ်းလို့ကြည့်ပါဦး..

ပြန်လည်လို့ချစ်ခွင့်ပေးပါဦးလား..

နောက်တစ်ယောက်တော့မချစ်လိုက်နဲ့ကွယ်

အချိန်တွေကြာကြာမေ့ထားနိုင်သူရယ်

ဒိုင်ယာရီဟောင်းလေး

အလွမ်းတွေပြည့်ပြီကွယ်

အနိူင်ယူပါကွယ် တောင်းပန်ပါတယ်

မေရေကိုယ်အရှုံးလေးပေး ပေးလိုက်မယ်

ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့

အကြင်နာလေးများလည်း

ပေးသနားပါဦးကွယ်

ပြေပါတော့ ချစ်ဦး ရန်ငြိုးတွေရယ်

အယူခံတေးလေးနဲ့ ကိုယ်ချော့မယ်

ကြင်သူရေ...

ကိုယ်တစ်ယောက်တည်းဆွေးပြီ

အချစ်ကြီးချစ်ခဲ့မိလို့ အမုန်းကြီးမုန်းပြီလား

တစ်ယူသန်ပဲဆုံးဖြတ်တော့မှာလားမေရယ်

အကျိုးအကြောင်းလေး မောင်ပြောပြမယ်

ကြင်သူရေ...

ခေါ်သံလေးကြားရင်

အချစ်ဟောင်းလေးကို

ခဏလောက်လှမ်းလို့ကြည့်ပါဦး..

ပြန်လည်လို့ချစ်ခွင့်ပေးပါဦးလား..

နောက်တစ်ယောက်တော့မချစ်လိုက်နဲ့ကွယ်

အချိန်တွေကြာကြာမေ့ထားနိုင်သူရယ်

ဒိုင်ယာရီဟောင်းလေး

အလွမ်းတွေပြည့်ပြီကွယ်

အနိူင်ယူပါကွယ် တောင်းပန်ပါတယ်

မေရေကိုယ်အရှုံးလေးပေး ပေးလိုက်မယ်

ရှောင်ဖယ်ကာ စိမ်းကားမှာလားလို့

အကြင်နာလေးများလည်း

ပေးသနားပါဦးကွယ်

ပြေပါတော့ ချစ်ဦး ရန်ငြိုးတွေရယ်

အယူခံတေးလေးနဲ့ ကိုယ်ချော့မယ်

Mais de Khin Maung Htoo

Ver todaslogo