နှင်းပျောက်တဲ့နွေ
🎤
နှင်း ငွေရောင်ဖြူလွှ
တူစွသဏ္ဍန်ပေ
ငွေခြည်ပုလဲနုတို့
စုကာဖျန်းတော့
လန်းဆန်းစိုပြေ
နှင်းတွေဝေကျ
ဆောင်းဟေမန္တ
ပြောင်း နှောင်းပြန်တော့လေ
ဟောင်းရွက်ကြွေ မြေမှာခ
ကြွေကာကျတဲ့
အခါသမယမှာဘဲလေ
သြော် နွေဦးရောက်ပြီ
ီနှင်းလည်းပျောက်ပြီလေ
. . .မယ်ဒလင် လက်ကွက်အလှ
မယ်ဒလင် . .ကိုထွေး
မင်းဝေအောင်(အင်းပေါင်းမြေ)
တင်ပြသည်. .
နှင်းမှုန်ရီ
ပုလဲငွေဥသဏ္ဍန်ပေ
မောင့်ရင်ထဲ
စွဲလမ်းမျှော်မှန်း
. .ရမ်းရော်နေဆဲမှာပဲ
ရာသီအချိန်နှောင်း
ညောင်းခဲ့ပေါ့လေ
လေရူးဆော်ကာ
နှောက်ချေတော့
ပျောက်လေပေါ့ နှင်းရေနှင်းရေ
နှစ်ကိုယ်တူကြည်ဖြူမယ်လေ
ရည်ရွယ်စိတ်ထဲ…
. .ကြိတ်ခဲလို့ပဲငေး ………
ကြိတ်ခဲလိုပဲနေ. .
. .ဘယ်ဝယ်ဘယ်လမ်းကိုဖြင့်
မြန်းသလေလွမ်းမပြေ
တမ်းတမျှော်ရင်း
နှင်း နှင်းပျောက်တဲ့နွေ
🎼🎶🎼🎶🎼
ကိုအောင်မျိုးမင်း {မယ်ဒလင်}
ပံ့ပိုးကူညီသည်. .
🎤
🎼🎶🎼🎶🎼
🎤
ချစ်တဲ့သူနှင်းရေ
ရင်တွင်းမချိအောင်လေ
စွဲရစ်နှောင်ဖွဲ့ပါလို့
မျှော်လေတဲ့လွမ်းဘွဲ့ကိုစေ
ကြူကြူလှလှ
သြော်တူတူမျှမှ
နှင်းကပေါ်မလာတော့ပေ
သြော်……
တကယ်တမ်းဆန်းစစ်တော့
မြူနှင်းလေလား
ဆောင်းနှင်းလေလား
စိတ်မှာထွေပြား
မခွဲခြားနိုင်တဲ့
ကြင်ဖော်မဲ့ကင်းတယ်လေ
နှင်းး
နှင်းပျောက်တဲ့နွေဦးရောက်ပြီလေ
. . ပြီးပါပြီ. .