menu-iconlogo
huatong
huatong
avatar

ငါ့ဆီပြန်ခဲ့ပါ

Mi Sandihuatong
piperhughhuatong
Letra
Gravações
သီချင်း - ငါ့ဆီပြန်လာခဲ့ပါ

တေးဆို - မိစန္ဒီ

အချစ်ကိုကိုးကွယ်မှားမယ်တဲ့

လူကြီးတွေပြောတဲ့

ဒီစကားလည်း ငါလေ ဥပေက္ခာပြုမိတယ်

မျက်နှာများတဲ့ နင့်ရဲ့ဘဲ သူငယ်ချင်းတွေ

ခဏခဏလာပြောလည်း

ငါလေနားပိတ်လို့ထားမယ်

နင့်ရဲ့ပါးကို ငါရိုက်ပြီး မုန်းပစ်ရမဲ့အစား

နင့်ရဲ့လက်ကို ဆုပ်ကိုင်ပြီးတော့

ထွက်လို့မသွားဖို့တောင်းပန်မိ

ငါ့ကိုချစ်သေးရင် တချက်ပြန်ငဲ့ပေးပါ

မင်းရဲ့ဘေးနားမှာ ငါအမြဲတမ်းမင်းအလိုကျ

အသက်ရှုသံတိုင်းမှာ မင်းမပါရင်မဖြစ်ပါ

အားလုံးခွင့်လွတ်တယ် ငါ့ဆီပြန်ခဲ့ပါ

အိပ်မပျော်ခဲ့တဲ့ ညတွေလည်း

များနေခဲ့ပြီ ငါတစ်ယောက်တည်း

နင်လေ ဥပေက္ခာပြုခဲ့တယ်

ဟိုးအရင်ကလိုအချစ်တွေနဲ့

အသစ်ပြန်စချင်ပေမယ့်လည်း

နင်ဇာတ်သိမ်းဖို့ကိုပဲ ရွေးခဲ့တယ်

နင့်ကိုတည့်တည့်ငါကြည့်ပြီး

နားအောင်ပြောပစ်ရမဲ့အစား

နင့်လုပ်ရပ်တွေတိုင်းကို

မျက်ရည်များရဲ့ကြားက ငါကြည့်မိ

ငါ့ကိုချစ်သေးရင် တချက်ပြန်ငဲ့ပေးပါ

မင်းရဲ့ဘေးနားမှာ ငါအမြဲတမ်းမင်းအလိုကျ

အသက်ရှုသံတိုင်းမှာ မင်းမပါရင်မဖြစ်ပါ

အားလုံးခွင့်လွတ်တယ် ငါ့ဆီပြန်ခဲ့ပါ

အိုး...ငါ့ဆီပြန်ခဲ့ပါ

နင့်ကိုချစ်တာငါမှားတယ်

သိလည်းပဲ မှားနေရက်နဲ့ချစ်အုန်းမယ်

ငါ့ကိုချစ်သေးရင် တချက်ပြန်ငဲ့ပေးပါ

မင်းရဲ့ဘေးနားမှာ

ငါအမြဲတမ်းမင်းအလိုကျ

အသက်ရှုသံတိုင်းမှာ မင်းမပါရင်မဖြစ်ပါ

အားလုံးခွင့်လွတ်တယ် ငါ့ဆီပြန်ခဲ့ပါ

ငါ့ဆီပြန်ခဲ့ပါ

ငါ့ဆီပြန်ခဲ့ပါ

အူး....ရေး...

ငါ့ဆီပြန်ခဲ့ပါ

Mais de Mi Sandi

Ver todaslogo