သီချင်း - BRAINLESS (ဦးနှောက်မဲ့ငတုံး)
တေးဆို - မိစန္ဒီ
သူငယ်ချင်းတွေ ငါ့ကိုပြောနေကြတယ်
အချိန်တွေကြာပြီ မေ့လိုက်စမ်းတဲ့
Memory ကို ပုရွက်ဆိတ်သတ်သလိုပဲ
သတ်ပစ်ဖို့ဟာ ဘယ်လွယ်ကူပါ့မလဲ
သူငယ်ချင်းတွေမေးနေကြတယ်
ငါလေဘာတွေမက်မောနေလဲတဲ့
တကယ်ဆိုနင်ဟာခွေးလေးလောက်တောင်မှ
အဆင့်မရှိဘူးကွာ တကယ်ကိုရယ်ရတယ်
အလွမ်းတွေငါ့ရင်ထဲက ခွဲထုတ်ချင်လည်း
အဲဒီလို ဆေးရုံမရှိဘူးကွယ်
မှတ်ဉာဏ်များရေဆေးပြီးရှင်းလိုက်ချင်လည်း
မဖြစ်နိုင်တဲ့အခါငါရူးခဲ့
အပျော်ပေးခဲ့တဲ့ကတိတွေ တသက်စာလို့
ငါထင်ခဲ့တယ် မယုံနိုင်အောင်နုံအမိခဲ့
တကယ်ဆိုငါလေသိပ်တုံးတယ်
ဒါတွေငါအပြစ်ပါပဲ စုံလုံးကန်းအောင်
အချစ်ကိုရူးမိုက်ပြီးလေငါကိုးကွယ်
မယုံနိုင်အောင် ညံ့ဖျင်းလွန်းခဲ့
တကယ်ဆိုငါလေ သိပ်တုံးတယ်
ဒါတွေငါအပြစ်ပါပဲ ငါငတုံးတယောက်ပါပဲ
ဘယ်လိုလဲနင်အခုချိန်အချစ်သစ်နဲ့
ပလူးပလဲနေတယ်ပေါ့
ငါ့ရဲ့ကျရှူံးခန်းအတွက်အောင်ပွဲတွေ
ဆင်နွဲှနေမယ်ပေါ့ ငါ့မှာတော့
နောင်တတွေများစွာနဲ့ရင်ကွဲနေခဲ့ပေါ့
ဘိန်းစားတယောက်လိုမင်းကိုတွယ်ငြိ
အရိုးထိစွဲနေခဲ့တော့
ငါ Delete လုပ်ထားတဲ့
ဖုန်းနံပါတ်တစ်လုံးမှမလွဲအောင်မှတ်မိ
အသုံးမကျတဲ့ငါ့လက်ချောင်းတွေတခါတလေ
သွားသွားပြီးတော့ဆက်မိ ငါအမှတ်မရှိ
ငါအရှက်မရှိ မာန်မာနတွေကနတ္တိ
တကယ်ဆိုနင်ကငါ့နာမည်ကို
မေ့နေလောက်အောင်ပြတ်ပြီ
စနှိုက်ကြော်မနဲ့ခြံခုန်နွား နင်တို့
အမြဲပျော်နိုင်မယ် ထင်လို့လာ ၀ဋ်လည်မယ်
မလွတ်ဘူးအသေမှတ်ထား
ဘုရားရိုက်မှငိုနဲ့သိလား
အဲဒီအခါကျမှ နင်ငါ့ကိုကိုယ်ချင်းစာမယ်
နင့်အကြောင်းစဉ်းစားမိတိုင်း
စိတ်ဓာတ်တွေလည်းပြိုဆင်းလာတယ်
အိုမင်းလာခဲ့နေ့ညအချိန်များ
တဖြည်းဖြည်းနဲကုန်ဆုံးသွား
အခုချိန်ထိကိုမုန်းမရ
ငါကဦးနှောက်မဲ့တဲ့ငတုံးမ
အလွန်ကိုရက်စက်ခဲ့လည်း
အခုထိစွဲလမ်းချစ်နေတုန်းပါ
ငါအရမ်းကြောက်တာတစ်ခုက
နင့်စိတ်နဲ့ပဲငါသေဆုံးမှာ
အပျော်ပေးခဲ့တဲ့ကတိတွေ တသက်စာလို့
ငါထင်ခဲ့တယ် မယုံနိုင်အောင်နုံအမိခဲ့
တကယ်ဆိုငါလေသိပ်တုံးတယ်
ဒါတွေငါအပြစ်ပါပဲ စုံလုံးကန်းအောင်
အချစ်ကိုရူးမိုက်ပြီးလေငါကိုးကွယ်
မယုံနိုင်အောင် ညံ့ဖျင်းလွန်းခဲ့
တကယ်ဆိုငါလေ သိပ်တုံးတယ်
ဒါတွေငါအပြစ်ပါပဲ
အချစ်တိုတဲ့အရာ
ဦးနှောက်ကိုပိတ်ဖုံးဆင်ခြင်ဉာဏ်တွေ
ဆိတ်သုန်းလို့တရှိုက်မက်မက်
စွဲလမ်းမိတယ်ရေခဲရိုက်တဲ့အပြုံးတို့
ပုဇွန်းလောက်တောင်ဦးနှောက်
မရှိတဲ့ငါ့ကိုယ်ငါလည်း
သိပ်မုန်းလို့ လုံး၀ကိုမရိပ်မိခဲ့
နင့်နောက်ကွယ်ကဇာတ်လမ်းကြိတ်ပုန်းလို့
နင်ကမကောင်းဘူး
ငါ့အချစ်နဲ့မတန်ဘူးလို့ပြောတဲ့သူတိုင်း
ငါရန်ပြု နင်ထိရင်မခံဘူးဆိုပြီးတော့
အားလုံးကိုအံတုလို့ကိုယ့်သေတွင်းကို
ပြန်တူးသလို
ဖြစ်ခဲ့မှန်းသိလိုက်ရတဲ့အချိန်မှာ ငါရူးလို့
င့ါကိုဖောက်ပြန်ပြီးတော့ နင်တို့တွေသိပ်ကို
ချစ်ပြနေတာကောင်းလား တင်သမျှ
Statusတိုင်းလည်း
သူ့ကိုဘယ်လောက်တောင်ချစ်တဲ့
အကြောင်းအရာ Facebook Profile
မှာတောင်သူ့ကိုနမ်းနေတဲ့ပုံကိုပြောင်းထား
အံ့သြပါရဲ့ အရှက်ကိုမရှိဘူး အဆင့်က
ခွေးသူတောင်းစား
ငါနင့်ကိုအရမ်းရွံတယ် နောက်ပြီးတော့ငါ
အရမ်းလည်းမုန်းတယ် ဒါပေမဲ့ငါနင့်ကို
သေလောက်အောင်လွမ်းတယ်
သေလောက်အောင်လဲချစ်တယ်
ကြာရင်နင်စိတ်နဲ့ပဲငါသေမှာပဲ
ငါရူးတော့မယ် ငါအရမ်းပင်ပန်းနေပြီ
ငါအရမ်းပင်ပန်းတယ်
အပျော်ပေးခဲ့တဲ့ကတိတွေ တသက်စာလို့
ငါထင်ခဲ့တယ် မယုံနိုင်အောင်နုံအမိခဲ့
တကယ်ဆိုငါလေသိပ်တုံးတယ်
ဒါတွေငါအပြစ်ပါပဲ စုံလုံးကန်းအောင်
အချစ်ကိုရူးမိုက်ပြီးလေငါကိုးကွယ်
မယုံနိုင်အောင် ညံ့ဖျင်းလွန်းခဲ့
တကယ်ဆိုငါလေ သိပ်တုံးတယ်
ဒါတွေငါအပြစ်ပါပဲ
သူငယ်ချင်းတွေငါ့ကိုမေးနေကြတယ်
ငါလေဘာတွေမက်မောနေလဲတဲ့
အမှန်ဆို နင်ဟာ
ခွေးလေးလောက်တောင်မှ
အဆင့်မရှိဘူးကွာ တကယ်ကိုရယ်ရတယ်