menu-iconlogo
huatong
huatong
avatar

နှစ်တစ်ရာတိုင်မှလမ်းခွဲပါ

Moe Thet Nainghuatong
mwyounghuatong
Letra
Gravações
အနှစ်တစ်ရာတိုင်မှလမ်းခွဲပါ

ဆို မိုးသက်နိုင်

ဘယ်ဘဝက ရေစက်

တစ်ကြော့ပြန်တစ်ရေးနိုးလို့

ဂဟေဆက်ခါမြဲစေသလဲကွယ်

အချစ်ကိုမောင်သိပ်ချစ်တယ်

အသည်းအသက်လောက် သိပ်သိပ်ချစ်တယ်

ဘယ်သွားသွား ဘယ်လာလာ

ဘယ်နေရာဘာပဲလုပ်လုပ်

အချစ်မျက်နှာပဲ မြင်ယောင်နေတယ်

အိပ်မက်ကမ္ဘာထဲမှာလည်း

အချစ်နဲ့အတူတွဲလို့

ချစ်ပွဲကလေးတွေ နွှဲခဲ့ကြတယ်

ခက်တော့ခက်နေပြီကွယ်

အချစ်မရှိရင်အသက်တောင်ရှင်ဖို့မလွယ်

ကြံကြံရွယ် နှစ်ကိုယ်ယှဉ်တွဲဖို့အရေးဝယ်

ကံကံရယ် ခေနိုင်လွန်းရက်တယ်

သိပ်သိပ်ချစ်မှန်းသိလို့

တစ်ဖက်သားအပေါ်စိမ်းကားလွန်းတယ်

မေတ္တာသွေဖယ် တိမ်းရှောင်သူရယ်...

အခုချိန်မှ စလို့သာရယ်

ရိုးမြေကျပေါင်းကြည့်ပါကွယ်

ချစ်လာသမျှ လမ်းခရီးမှာကွယ်

ချစ်အနာတရ ရှိခဲ့ရင်တကယ်

အပြစ်ဖို့ငြူစူ မကြည်ဖြူနိုင်လည်းအချစ်ရယ်

သံယောဇဉ် ကြိုးမှန်သမျှကို

တစ်စစီမကျန်... ကုန်စင်အောင်

ဖြတ်တောက်လို့ရယ်

အနှစ်တစ်ရာတိုင်မှ လမ်းခွဲပါအချစ်ရယ်

ဘယ်ဘဝက ရေစက်

တစ်ကြော့ပြန်တစ်ရေးနိုးလို့

ဂဟေဆက်ခါမြဲစေသလဲကွယ်

အချစ်ကိုမောင်သိပ်ချစ်တယ်

အသည်းအသက်လောက် သိပ်သိပ်ချစ်တယ်

ဘယ်သွားသွား ဘယ်လာလာ

ဘယ်နေရာဘာပဲလုပ်လုပ်

အချစ်မျက်နှာပဲ မြင်ယောင်နေတယ်

အိပ်မက်ကမ္ဘာထဲမှာလည်း

အချစ်နဲ့အတူတွဲလို့

ချစ်ပွဲကလေးတွေ နွှဲခဲ့ကြတယ်

ခက်တော့ခက်နေပြီကွယ်

အချစ်မရှိရင်အသက်တောင်ရှင်ဖို့မလွယ်

ကြံကြံရွယ် နှစ်ကိုယ်ယှဉ်တွဲဖို့အရေးဝယ်

ကံကံရယ် ခေနိုင်လွန်းရက်တယ်

သိပ်သိပ်ချစ်မှန်းသိလို့

တစ်ဖက်သားအပေါ်စိမ်းကားလွန်းတယ်

မေတ္တာသွေဖယ် တိမ်းရှောင်သူရယ်...

အခုချိန်မှ စလို့သာရယ်

ရိုးမြေကျပေါင်းကြည့်ပါကွယ်

ချစ်လာသမျှ လမ်းခရီးမှာကွယ်

ချစ်အနာတရ ရှိခဲ့ရင်တကယ်

အပြစ်ဖို့ငြူစူ မကြည်ဖြူနိုင်လည်းအချစ်ရယ်

သံယောဇဉ် ကြိုးမှန်သမျှကို

တစ်စစီမကျန်အောင် ကုန်စင်အောင်

ဖြတ်တောက်လို့ရယ်

အနှစ်တစ်ရာတိုင်မှ လမ်းခွဲပါအချစ်ရယ်

Mais de Moe Thet Naing

Ver todaslogo