menu-iconlogo
huatong
huatong
avatar

မနိုးပါစေနဲ့မိုးရယ်

ရေး>ဆို> ကိုင်ဇာ >Ko Thar Gyihuatong
007_KoTharGyi👨🏼‍🦳🌈huatong
Letra
Gravações
မိုးတိမ်တွေ မည်းနက် ရိပ်နဲ့

အာကာပြင်မှာ ထင်ခြယ်

လျှပ်နွယ် လျှပ်ပန်း ခတ်များနဲ့

အော်မြည်သံတို့ ကြောက် စဖွယ်

မင်း ဟိုတခါ ပြောဖူးခဲ့တဲ့

ဒဏ္ဍာရီလေး ရှိတယ်

မိုးခြိမ်းရင် မေ့ရဲ့ ရင်မှာ

ကြောက်စိတ်တွေ ဝင်မိတယ်

ကောင်းကင်ကို မော့ကြည့်ရင်းနဲ့

ရင်မှာ ပူပင်လာတယ်

ခုဆိုရင် မင်းကလေး တယောက်

ကြောက်နေ ရှာရော့ တော့မယ်

ဟိုစဉ်မှာ မင်း ပုန်းစရာ

မောင့်ရင်ခွင်လေး နွေးသလို

ချစ်သူဆီ ထီးကိုယူလို့

ပြေလာ နေမိတော့တယ်..

Go..

မေ အိပ်တဲ့

အုတ်ဂူလေး ထက်မှာ

မောင် ထီးကလေး

မိုးကာ ပေးပါ့မယ်

ဒီ မိုးကလေး

တိတ်ကာ မသွားထိအောင်

စောင့်ကာ နေပါမယ်…

မေ အိပ်တဲ့

အုတ်ဂူလေး နွေးအောင်

လက် ကလေးနဲ့

ထွေးကာ ပွေ့ထားမယ်

ရေစက် လေးများ

ရွဲစိုကား ချမ်းလွန်း ပါစေ

မပြန် သေးပါကွယ်…

Go..

မိုးရွာတာ ရပ်လိုက်ပေးပါ့

ဒေဝါ အမ္မုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော့ရဲ့ အချစ်

ချမ်းနေ ရှာရော့ တော့မယ်

ပျော်ရွင်စွာ သူ့ရဲ့ အုတ်ဂူ

ဖြူဖြူ အိမ်ကလေး ထဲမှာ

မှေးပျော်ကာ အိပ်နေတာလေး

မနိုးပါစေနဲ့ မိုးရယ်…

မိုးတိမ်တွေ မည်းနက် ရိပ်နဲ့

အာကာပြင်မှာ ထင်ခြယ်

လျှပ်နွယ် လျှပ်ပန်း ခတ်များနဲ့

အော်မြည်သံတို့ ကြောက် စဖွယ်

မင်း ဟိုတခါ ပြောဖူးခဲ့တဲ့

ဒဏ္ဍာရီလေး ရှိတယ်

မိုးခြိမ်းရင် မေ့ရဲ့ ရင်မှာ

ကြောက်စိတ်တွေ ဝင်မိတယ်

ကောင်းကင်ကို မော့ကြည့်ရင်းနဲ့

ရင်မှာ ပူပင်လာတယ်

ခုဆိုရင် မင်းကလေး တယောက်

ကြောက်နေ ရှာရော့ တော့မယ်

ဟိုစဉ်မှာ မင်း ပုန်းစရာ

မောင့်ရင်ခွင်လေး နွေးသလို

ချစ်သူဆီ ထီးကိုယူလို့

ပြေလာ နေမိတော့တယ်..

မေ အိပ်တဲ့

အုတ်ဂူလေး ထက်မှာ

မောင် ထီးကလေး

မိုးကာ ပေးပါ့မယ်

ဒီ မိုးကလေး

တိတ်ကာ မသွားထိအောင်

စောင့်ကာ နေပါမယ်…

မေ အိပ်တဲ့

အုတ်ဂူလေး နွေးအောင်

လက် ကလေးနဲ့

ထွေးကာ ပွေ့ထားမယ်

ရေစက် လေးများ

ရွဲစိုကား ချမ်းလွန်း ပါစေ

မပြန် သေးပါကွယ်…

မိုးရွာတာ ရပ်လိုက်ပေးပါ့

ဒေဝါ အမ္မုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော့ရဲ့ အချစ်

ချမ်းနေ ရှာရော့ တော့မယ်

ပျော်ရွင်စွာ သူ့ရဲ့ အုတ်ဂူ

ဖြူဖြူ အိမ်ကလေး ထဲမှာ

မှေးပျော်ကာ အိပ်နေတာလေး

မနိုးပါစေနဲ့ မိုးရယ်…

Go

မိုး ရွာတာ ရပ်လိုက်ပေးပါ့

ဒေဝါ အမ္မုန်ရှင်ရယ်

တောင်းပန်တယ် ကျွန်တော့ရဲ့ အချစ်

ချမ်းနေ ရှာရော့ တော့မယ်

ပျော်ရွင်စွာ သူ့ရဲ့ အုတ်ဂူ

ဖြူဖြူ အိမ်ကလေး ထဲမှာ

မှေးပျော်ကာ အိပ်နေတာလေး

မနိုးပါစေနဲ့ မိုးရယ်…..

Mais de ရေး>ဆို> ကိုင်ဇာ >Ko Thar Gyi

Ver todaslogo

Você Pode Gostar