သီချင်း - ရှမ်းပဲပုပ်လေးကျွန်တော်
တေးဆို - စိုင်းဆိုင်မောဝ်
ဆောင်းနှင်းဖွေးဖွေးလေး
တောင်တန်းများကြားမှာ
အေးချမ်းသာတဲ့ ကျွန်တော်တို့မြို့ကလေးကို
အလည်တစ်ခေါက်ရောက်လာပါလားလို့
ဟန်ဆောင်မှုကင်းတဲ့ စေတနာရင်မှာ
တကယ်ရင်းနှီးမယ့် စိတ်ထားတွေ
ဪ ရှမ်းပဲပုပ်လို့ ခေါ်ချင်ခေါ်ပါစေ
ဒါကို ဗွေမယူနိုင်ပါဘူးလေ
တစ်ကယ်ဆို ရှမ်းအမျိုးရဲ့တည်မြဲတဲ့ရိုးရာ
ကျွန်တော်ဟာလေ ရှမ်းပဲပုပ်ပါပဲ
ခင်မင်တယ် အားလုံးကိုလေ
လာလည်စေချင်သေး
ချမ်းအေးတဲ့ ရှမ်းမြို့ကိုလေ
ရှမ်းတေးသီချင်းလေးလည်း ဆိုပြဦးမယ်
ရှမ်းအမျိုးရဲ့ရိုးရာအက ကပြမယ်
လက်ဖက်တောတန်းမှာ လက်ဖက်ခူးတဲ့
ပျိုဖြူတွေများနဲ့ ပျော်ပါစေမယ်
ကျွန်တော်မျိုး ရှမ်းအမျိုးရဲ့ဘဝဝယ်
ဪ ရှမ်းပဲပုပ်လို့ ခေါ်ချင်ခေါ်ပါစေ
ဒါကို ဗွေမယူနိုင်ပါဘူးလေ
တစ်ကယ်ဆို ရှမ်းအမျိုးရဲ့တည်မြဲတဲ့ရိုးရာ
ကျွန်တော်ဟာလေ ရှမ်းပဲပုပ်ပါပဲ
ခင်မင်တယ် အားလုံးကိုလေ
လာလည်စေချင်သေး
ချမ်းအေးတဲ့ ရှမ်းမြို့ကိုလေ
ရှမ်းတေးသီချင်းလေးလည်း ဆိုပြဦးမယ်
ရှမ်းအမျိုးရဲ့ ရိုးရာအလှအပများရယ်
လက်ဖက်တောတန်းမှာ လက်ဖက်ခူးတဲ့
ပျိုဖြူတွေများနဲ့ ပျော်ပါစေမယ်
ကျွန်တော်မျိုး ရှမ်းအမျိုးရဲ့ဘဝဝယ်
ဪ ရှမ်းပဲပုပ်လို့ ခေါ်ချင်ခေါ်ပါစေ
ဒါကို ဗွေမယူနိုင်ပါဘူးလေ
တစ်ကယ်ဆို ရှမ်းအမျိုးရဲ့တည်မြဲတဲ့ရိုးရာ
ကျွန်တော်ဟာလေ ရှမ်းပဲပုပ်ပါပဲ
ခင်မင်တယ် အားလုံးကိုလေ
လာလည်စေချင်သေး
ချမ်းအေးတဲ့ ရှမ်းမြို့ကိုလေ