menu-iconlogo
huatong
huatong
suzie--cover-image

မေ့မှာလား

suziehuatong
seifer_170huatong
Letra
Gravações
သီချင်း - မေ့မှာလား

တေးဆို - ဆူဇီ

မင်းပြောတဲ့စကားတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပေးတဲ့ကတိတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

ကျွန်မနဲ့တွေရင်သိပ်မလွမ်းနဲ့

ရှင့်အပြောတွေလျှော့ပေးပါ

ရှင်ပြောပြီးမေ့သွားလည်း

ခံစားတာကျွန်မပါပဲ

ဟာကနဲပါရင်ထဲမှာ

ချာကနဲသာမေ့ချင်လည်း

တွေ့ချင်တာရှင့်မျက်နှာ

မျှော်ရတာအရေးမပါ

ရှင့်အကြောင်းတွေသတင်းထွက်တယ်

မပြောတော့ဘူးအရှင်းခက်တယ်

ကင်းကင်းနေဖို့ခက်တော့လည်း

သိသိကြီးနဲ့ခွင့်လွှတ်ဆဲ

ညွှတ်နေတဲ့အသည်းလေးကို

အစိမ်းလိုက်ကြီးတော့မခွဲပါနဲ့

တွဲလက်ဖြုတ်ချင်ကြိုပြောလေ

နောက်တစ်ယောက်ရှိရင်ကြိုပြောလေ

မင်းပြောတဲ့စကားတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပေးတဲ့ကတိတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

အို လွယ်လွယ်ကူကူ I Love You

ပေါ့ပေါ့ပါးပါးပြောတဲ့သူ

လမ်းရောက်တော့

နောက်တစ်ယောက် တွေ့ဦးမယ်

မကြင်နာချင်နေပါ

စိမ်းစိမ်းကားကားမလုပ်နဲ့

ကျွန်မရဲ့အသည်းကနုလွန်းတယ်

မင်းပြောတဲ့စကားတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပေးတဲ့ကတိတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပြောတဲ့စကားတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပေးတဲ့ကတိတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

တွေ့လိုက်ရင်လွမ်းမဆုံး

ပြောလိုက်ရင်အချစ်ဆုံး

လစ်တုန်းတော့ပစ်ထားပြီး

ဂျစ်သုံးခါတိုက်မိမှ

အပြစ်ရှိတဲ့လေသံနဲ့

ချော့မော့လို့ကတိပေး

ယုံချင်လည်းစိတ်နုံးမိ

ပုံပြင်ပဲကျိတ်ပြုံးမိ

ဘိတ်ဆုံးထိချစ်တော့လည်း

ဂိတ်ဆုံးထိခွင့်လွှတ်ဆဲ

သိပ်မုန်းတဲ့အကြောင်းတွေလည်း

ဆိတ်သုဉ်းပြီးငါ့နှုတ်ထဲ

ဘာကြောင့်ကွာအပြစ်မတင်

ဒါကြောင့်ငါအချစ်ထင်

အသစ်မြင်လည်းကြိုပြောလေ

မချစ်ချင်လည်းကြိုပြောလေ

မင်းပြောတဲ့စကားတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပေးတဲ့ကတိတွေ

သေသေချာချာမှတ်ထား...

လမ်းရောက်တော့ မေ့မှာလား...

အို လွယ်လွယ်ကူကူ I Love You

ပေါ့ပေါ့ပါးပါးပြောတဲ့သူ

မင်းရဲ့အသည်းထဲဘယ်သူရှိတယ်

ရင်ခုန်တာလွယ်တယ်

အသည်းထဲရောက်ဖို့ခက်လိမ့်မယ်

နှလုံးသားထဲက စကားပဲ

ကျွန်မကြားချင်

မင်းပြောတဲ့စကားတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပေးတဲ့ကတိတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပြောတဲ့စကားတွေ

သေသေချာချာမှတ်ထား

လမ်းရောက်တော့ မေ့မှာလား...

မင်းပေးတဲ့ကတိတွေ

သေသေချာချာမှတ်ထား...

လမ်းရောက်တော့ မေ့မှာလား...

လမ်းရောက်တော့ မေ့မှာလား....

လမ်းရောက်တော့ မေ့မှာလား...

လမ်းရောက်တော့ မေ့မှာလား...

Mais de suzie

Ver todaslogo