menu-iconlogo
huatong
huatong
avatar

ဆေးရောင်ခြယ်ပါ

u00a0ဆုန်သင်းပါရ်huatong
mikesknockinghuatong
Letra
Gravações
သီချင်း - ဆေးရောင်ခြယ်ပါ

တေးဆို - ဆုန်သင်းပါရ်

လေညှင်းလေးကြောင့်

သစ်ရွက်များကတေးဆို

ရေစီးကြောင်းကြောင့်

စမ်းချောင်းလေးစိုပြေ

ဟိုမိုးသားများထဲ

သက်တန့်ကြီးကဆေးခြယ်

မြင်ကြည့်လိုက်

ဒါဟာသဘာဝပန်းချီကားလေး

ကမ ္ဘာဦးထဲကရှိနှင့်လှပခြင်းတွေ

ဘယ်သူဖန်ဆင်းပြုလုပ်

တို့မသိလိုက်ဖူး

ဒီလောကကြီးရဲ့

ဆေးသားဆေးရောင်များလို

နဂိုအတိုင်းလေး

အဆင်ပြေသွားအောင်တို့နေမယ်နော်

ရောင်စုံဆေးသားများနဲ့ရေးဆွဲ

အဲဒီသဘာ၀တစ္ခု

အရာအားလံုးအားလံုး

အမြဲတမ်းလှနေမယ်

ဒီလိုတို့ဘဝလှပဖို့ကို

စိတ်ကူးတော့ကွယ်

ရင်မှာဒီအချစ်များနဲ့

မင်းကဆေးခြယ်ပေး

ရင်မှာဒီအချစ်များနဲ့မင်းက

အရောင်ခြယ်ပေး

ကိုယ်ချိတ်ဆွဲမဲ့ ကိုယ့်ဘဝရဲ့ဧည့်ခန်းအလယ်

ဒီချစ်ခြင်းတရားက လှပတဲ့ပန်းချီကား

ကိုယ်ကြည့်လိုက်တိုင်းလည်း

အသည်းမှာ အေးမြသွားအောင်

အချစ်ဆုံးရဲ့အကြင်နာအရောင်များမြင်ပါရစေ.

ပူပြင်းခြင်းနဲ့ခြောက်သွေ့ခြင်းတွေဝေးကွာ

လူတိုင်းဘဝတွေငြိမ်းချမ်းကြပါစေ

အလေးအနက်ကိုယ့်ခံစားမှုနဲ့ ကိုယ်ချင်းစာ

သူလည်းကိုယ့်လို ကိုယ်လည်းသူလို အေးမြစေ

ရောင်စုံဆေးသားများနဲ့ ရေးဆွဲ

အဲဒီသဘာ၀တစ္ခု အရာအားလံုးအားလံုး

အမြဲတမ်းလှနေမယ် ဒီလိုတို့ဘဝလှပဖို့ကို

စိတ်ကူးတော့ကွယ်

ရင်မှာဒီအချစ်များနဲ့

မင်းကဆေးခြယ်ပေး

ရင်မှာဒီအချစ်များနဲ့

မင်းကအရောင်ခြယ်ပေး

လူတိုင်းခဏတာဘဝလေးထဲမှာ

ပူလောင်နေမှုများ မြင်ချင်တွေ့ချင်မလား

ရောင်စုံဆေးသားများနဲ့ရေးဆွဲ

အဲဒီကမ္ဘာမြေတစ်ခု

မျက်လုံးအားလုံးအားလုံးထဲ

အမြဲတမ်းလှနေမယ်

ဒီလိုတို့ဘဝလှပရေးအတွက်

စိတ်ကူးတော့ကွယ်

ရင်မှာ ချစ်ခြင်းတရားနဲ့

မင်းကဆေးခြယ်ပေး

ရင်မှာ ချစ်ခြင်းရဲ့အရောင်တွေ

ရင်မှာ အချစ်ဆေးရောင်လေးတွေ

အကြင်နာတရားနဲ့မင်းက

ဆေးခြယ်ပေး ကိုရေ...

Mais de u00a0ဆုန်သင်းပါရ်

Ver todaslogo