သီချင်း - လိမ်လိမ်မာမာနေ
တေးဆို - ရဲရင့်အောင်
မုန်တိုင်းထန်နေတဲ့
ငါ့ဘဝထဲ မင်းပျော်နိုင်ဖို့ခက်
လောင်ကျွမ်းခံမယ် ငါ့အချစ်တွေနင့်ဆီ
အလင်းရောင်လာဖို့အတွက်
ငါ့ကမ္ဘာထဲမင်းပျော်နိုင်ဖို့ခက်
လောင်ကျွမ်းခံမယ် ငါ့ချစ်တွေနင့်ဆီ
အလင်းရောင်လာဖို့
Yes I did baby!
အိပ်မရဘူးဆို အိပ်မက်ဆိုးတွေမက်တယ်
ဟင်.. ဘယ်နှယ့် စိတ္တဇအရူးလိုညတွေ
အသက်ရှူကျပ်တယ်
အိပ်ရေးတွေပျက်တယ် ယုတ္တိမရှိပါလား
သတ္တိမရှိတော့ဘူးဆိုပြီး နင်ထား
စက္ကန့်မိနစ်များ ရပ်တန့်ခံစားချက်တွေ
ချောင်ထဲထိုးပြီး ထားပစ်ခဲ့တဲ့နေ့ရက်တွေ
ပက်ကြားအပ်လို့သွားတဲ့နှလုံးသားတည့်တည့်
မင်းထိုးသွင်းတဲ့ဆူးများ စိုက်လို့
နေ့နေ့ ညည အဆိပ်သင့်နေတုန်း
အချိန်တန်ရင် အနည်ထိုင်သွားလိမ့်မယ် ငါ
ခွင့်လွှတ်ပါတယ်
ဒီရင်ဘတ်ထဲကတော့ နာတယ်
တစ်ခုထပ်မှာမယ်
တစ်သက်စာနှုတ်ဆက်ပါတယ်
ငါ့ဆီဖုန်းမဆက်ပါနဲ့တော့
မင်းအနားပဲနေချင်နေတဲ့အရူး (Yeah ရူး)
အိပ်မက်တချို့အတောင်တွေမပေါက်သေးဘူး
နင်ထားခဲ့တော့
လိမ်လိမ်မာမာနေ ဆုတောင်းတိုင်းပြည့်ပါစေ
နင်ပျော်တာပဲတွေ့ချင်လို့ဟေ့
Girl I'll let you go
လိမ်လိမ်မာမာနေ နင့်ရည်းစားအသစ်ရဲ့ဘေး
အဆင်ပြေတယ်ပဲကြားချင်လို့ဟေ့
Girl I'll let you go
ဘာကြောင့်များလဲ
နင်ဆီစိတ်တွေရောက်နေလို့
ဖုန်းပိတ်ထားလည်း
Date တွေပျောက်နေတုန်း
စောက်ဂရုစိုက်ဘူးကွာ နေစမ်းပါ
ဘာတတ်နိုင်မှာလဲ
မလိုချင်ပါဘူး အခုမှလက်တွေဝှေ့ယမ်းကာ
နင်မျက်ရည်တွေဝဲ
တစ်ရက်ကုန်သွားပြီးတော့ နောက်တစ်နေ့
နောက်တစ်ပတ် နောက်တစ်ကွေ့
နောက်တစ်ရက် နောက်တစ်နေ့
မဖြစ်နိုင်မှန်းသိရက် မျက်စိမှိတ်
မေ့ဖို့ခက်တဲ့ အဲ့ဒီစိတ်
အဲ့ဒီစိတ်နဲ့ အသက်ရှင်
မနေချင်တော့တဲ့ ငါ့အနား
ငါ့အနားက ထွက်ပြီးပြေး
ဂရုစိုက်ကလေးလေး
Hay ရင်ဘတ်ကြီးကို အစိမ်းလိုက်ခွဲလို့
နင်ထားခဲ့ ဟေး
မင်းနားပဲနေချင်နေတဲ့အရူး (Yeah ရူး)
အိပ်မက်တစ်ချို့ အတောင်တွေမပေါက်သေးဘူး
နင်ထားခဲ့တော့
လိမ်လိမ်မာမာနေ ဆုတောင်းတိုင်းပြည့်ပါစေ
နင်ပျော်တာပဲတွေ့ချင်လို့ဟေ့
Girl I'll let you go
မင်းနားပဲနေချင်နေတဲ့အရူး
အိပ်မက်တချို့အတောင်တွေမပေါက်သေးဘူး
နင်ထားခဲ့တော့
လိမ်လိမ်မာမာနေ ဆုတောင်းတိုင်းပြည့်ပါစေ
နင်ပျော်တာပဲတွေ့ချင်လို့ဟေ့
Girl I'll let you go
လိမ်လိမ်မာမာနေ နင့်ရည်းစားအသစ်ရဲ့ဘေး
အဆင်ပြေတယ်ပဲကြားချင်လို့ဟေ့
Girl I'll let you go
မုန်တိုင်းထန်နေတယ် ငါ့ဘဝထဲ
မင်းပျော်နိုင်ဖို့ခက်
လောင်ကျွမ်းခံမယ် ငါ့အချစ်တွေနင့်ဆီ
အလင်းရောင်လာဖို့အတွက်
ငါ့ကမ္ဘာထဲ မင်းပျော်နိုင်ဖို့ခက်
လောင်ကျွမ်းခံမယ် ငါ့ချစ်တွေနင့်ဆီ