menu-iconlogo
huatong
huatong
avatar

Love For You

Yarwanahuatong
bazabazucahuatong
Letra
Gravações
သီချင်း - Love for you

တေးဆို - Yarwana,Yaw Yazt

ရွှေအိုရောင်သူ့ရဲ့ပါးပြင်မှာ

မြန်မာဆန်ဆန်သနပ်ခါးလိမ်းခြယ်

ရင်ဖုံးလေးနဲ့လိုက်ဖက်သူရယ်

မင်းရဲ့ဘေးနားနေချင်ပါတယ်

ဆံကေသာနက်မှောင်လွန်းတယ်

အေးချမ်းတဲ့အိန္ဒြေရှင်လေးရယ်

ကိုယ့်နှလုံးသားထက်

မင်းနာမည်

ကမ္ဗည်းထိုးထားတယ်

ကိုယ့်ရဲ့အသက်ရယ်

နင်သာငါ့ရဲ့အသက်ပါ

နင်သာငါ့ရဲ့ဘဝပါ

နင့်ထက်အရေးကြီးတာ

ဘာမှမရှိတော့ဘူးဆိုတာ

နင်သိရဲ့လား

နင့်ရဲ့အပြုံးမှာငါစွဲလမ်းခဲ့တယ်

ချစ်ပါရစေအမြဲတမ်းပဲ

နင်စေလိုရာစေနိုင်တယ်

မင်းမချစ်ရင်ငါသေနိုင်တယ်

အိုး နင်သိဖို့ကောင်းပါတယ်

ငါတို့နှစ်ယောက်ဘဝတွေ

နီးကြဖို့အတွက်တစ်နေ့မှာ

အကြင်နာများငါ့ကိုပေးပါ

နင့်ရဲ့စကားများနားထောင်ရင်းနဲ့

ဒီmessengerလေးထက်မှာ

အကြင်နာနဲ့မင်းရဲ့အချစ်တို့

ငါမျှော်နေမယ်

ဟန်အမူအရာ

အရမ်းကိုအေးတယ်

ကောင်းကင်ကနတ်သက်ကြွေလာတဲ့

နတ်သမီးလား

ပုံတော်ဖိနပ်လေးသက်သေပဲ

အရမ်းချစ်လို့ငါ

အနားရှိစေချင်

ခွဲမသွားပါနဲ့

ဂရုစိုက်မှုတွေ

ပေးထားပါတယ်လေ

ညဘက်ဖုန်းတွေဆက်

အိပ်ရာဝင်သီချင်းတွေဆိုပြ

အရေးကြီးတာချစ်နေဖို့တအား

ဒီညတော့ကလေးလေး

စောစောအိပ်ပါ

နင်သာငါ့ရဲ့အသက်ပါ

နင်သာငါ့ရဲ့ဘဝပါ

နင့်ထက်အရေးကြီးတာ

ဘာမှမရှိတော့ဘူးဆိုတာ

နင်သိရဲ့လား

နင့်ရဲ့အပြုံးမှာငါစွဲလမ်းခဲ့တယ်

ချစ်ပါရစေအမြဲတမ်းပဲ

နင်စေလိုရာနင်စေနိုင်တယ်

မင်းမချစ်ရင်ငါသေနိုင်တယ်

ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်ကြီးထဲမှာပေါ့ဗျာ

ကျုပ်ကထာဝရချစ်တာ

သူမတစ်ယောက်တည်းပါဗျ

နောက်လည်းကတိတွေ

သစ္စာတွေဘာတွေ

စောင့်မြဲပါဗျ

ဟာဗျာ

ကျွန်တော်ချစ်တာသူမပါဆို

တစ်ယောက်တည်းပါဗျ

အချစ်ကပင်စည်ဆိုရင်

မင်းကအခြေခံအမြစ်လေးပါ

မင်းအဖေမင်းအမေမင်းအဖိုးမင်းအဖွား

မင်းအစ်ကိုပါချစ်ပေးမှာ

ငါ့ကြောင့်နင်အိပ်ရေးပျက်လည်း

ဝက်ခြံလေးတွေညှစ်ပေးမှာ

ငါတစ်ခါဆိုးတိုင်းတစ်ခါနမ်း

သေအောင်နမ်းပြီးအပြစ်ပေးပါ

ငါ့အတွက်နင်နတ်သမီးလေးဆို

မင်းကိုရီးက နတ်သားလေး

လာပါသဲရယ်

ဟိုမှာလူတွေကြည့်နေတယ်နော်

ဖက်ထားလေ

ချုပ်ခြယ်လွန်းတဲ့စကားတွေက

ချစ်လို့ပြောတာမှတ်ထားလေ

မင်းကိုအိမ်ခေါ်ထမင်းကျွေးတုန်းက

ကြက်သားဟင်းကိုချက်တာငါလေ

ဟေးအချစ်ဆုံး

ပူတူးလေးမင်းကငါ့ရဲ့အသည်းတုံးလေး

ငါ့ကိုမင်းကလစဉ်သုံး

နေ့စဉ်သုံးလိုအမြဲသုံးဟေ့

ကိုယ်ပြောတာအင်တာနက်

ဒေတာစုဘူးအသည်းတုံးလေး

မင်းမျက်ဝန်းကပုလဲလုံးလေး

မင်းနှုတ်ခမ်းကိုအစွဲဆုံးဟေ့

ငါ၏ကမ္ဘာလေး

ပါးကိုမွချိတစ်ခါပေး

မင်းအသံနားမညည်းပါကလေး

အချစ်တွေအများကြီးပါဟေး

ကတိတွေထားပြီးမညာကြေး

တစ်နေ့အနားရှိပါကလေး

အဲ့ဒါမှအားရှိတာဟေး

အဘိုးကြီးချစ်တဲ့အဘွားကြီးမှာလေ

အိုး နင်သိဖို့ကောင်းပါတယ်

ငါတို့နှစ်ယောက်ဘဝတွေ

နီးကြဖို့အတွက်တစ်နေ့မှာ

အကြင်နာများငါ့ကိုပေးပါ

နင့်ရဲ့စကားများနားထောင်ရင်းနဲ့

ဒီmessengerလေးထက်မှာ

အကြင်နာနဲ့မင်းရဲ့အချစ်တို့

ငါမျှော်နေမယ်

Mais de Yarwana

Ver todaslogo