မန္တလေး
ခင်ဝမ်း
0း 11
ရွာစမ်း မိုးဖွဲတွေရယ်
တစ်ယောက်ထဲ လျှောက်လာ
စိုပလေစေပေါ့
သီချင်းတစ်ပုဒ်ကို ဆိုညည်းကာ
ကြာပန်းလေးတွေ ကျုံးရေမှာပွင့်နေ
ရွှေမန်း ပေါက်မှာဆုံမယ်
တမာရွက်ကလေးတွေ ပြန့်ကျဲနေတဲ့
အဆောင်ရဲ့ရှေ့ကို မောင်ရောက်ရင်
အချက်ပေးလိုက်မယ် စောင့်မျှော်နေစောရေ
မောင့်တစ်ယောက်ထဲမို့ အူလည်လည်
မကျင်လည်တဲ့အရပ်မှာ
ဘယ်ကိုကြည့်ကြည့် အတူတူလို့
အမှတ်အသားလွဲလို့နေ
ရောက်ချိန်ထက် နောက်ကျခဲ့ရင်
နားလည် ခွင့်လွှတ်နော်
အလိမ္မာဆုံး မိန်းကလေးပဲ
ပြောရမခက်စေချင်
ရွာစမ်း မိုးဖွဲတွေရယ်
တစ်ယောက်ထဲ လျှောက်လာ
စိုပလေစေပေါ့
သီချင်းတစ်ပုဒ်ကို ဆိုညည်းကာ
ကြာပန်းလေးတွေ ကျုံးရေမှာပွင့်နေ
မောင့်တစ်ယောက်ထဲမို့ အူလည်လည်
မကျင်လည်တဲ့အရပ်မှာ
ဘယ်ကိုကြည့်ကြည့် အတူတူလို့
အမှတ်အသားလွဲလို့နေ
ရောက်ချိန်ထက် နောက်ကျခဲ့ရင်
နားလည် ခွင့်လွှတ်နော်
အလိမ္မာဆုံး မိန်းကလေးပဲ
ပြောရမခက်စေချင်
ရွှေမန်း ပေါက်မှာဆုံမယ်
တမာရွက်ကလေးတွေ ပြန့်ကျဲနေတဲ့
အဆောင်ရဲ့ရှေ့ကို မောင်ရောက်ရင်
အချက်ပေးလိုက်မယ် စောင့်မျှော်နေစောရေ
By AyeKyaw greentiger