ပန်းချစ်သူ (Guitar Style)
ဆို ခင်မောင်တိုး
လေပြေညင်းရယ် ငြိမ်သက်ဆဲညမှာ
သာယာတိုးလို့ တိုက်ခတ်နေ
သင်းပျံ့မွှေးတဲ့ ပန်းရနံ့တွေ
ဆောင်ယူသယ်လာ လေညင်းရယ်
ပန်းချစ်သူ တို့လက်နဲ့ကွယ်
ခူးတွတ်ဖို့ စိုးရွှံ့လိုနေတယ်
ဆွတ်ယူမယ် ဟန်ပြင်ကာပင်
ယုယစွာ ထွေးပွေ့ထားပါမယ်
သာယာဆွတ်ယူ ရင်မှာသိမ်းထားမယ်
အိုလေ ပန်းလေးတစ်ပွင့်ရယ်
ပန်းကိုချစ်တဲ့ ပန်းချစ်သူ
ကိုယ်တိုင်ချူကာ ဆွတ်ခူးမယ်
ပန်းချစ်သူ တို့လက်နဲ့ကွယ်
ခူးတွတ်ဖို့ စိုးရွှံ့လိုနေတယ်
ဆွတ်ယူမယ် ဟန်ပြင်ကာပင်
ယုယစွာ ထွေးပွေ့ထားပါမယ်
သာယာဆွတ်ယူ ရင်မှာသိမ်းထားမယ်
အိုလေ ပန်းလေးတစ်ပွင့်ရယ်
ပန်းကိုချစ်တဲ့ ပန်းချစ်သူ
ကိုယ်တိုင်ချူကာ ဆွတ်ခူးမယ်