menu-iconlogo
huatong
huatong
avatar

အိပ်မက်ချစ်သူ

ဂရေဟမ်huatong
ayekyaw🙇[အူအူး]huatong
Тексты
Записи
အိပ်မက်ချစ်သူ

ဂရေဟမ်

မလာနဲ့ မတားဆီးခဲ့သူ

မပြန်နဲ့ မပြောဘူးချစ်သူ ...

ကိုယ်ဟာ ဖွင့်လို့ ထားတဲ့

တံခါးလေး တစ်ချပ်

အလွယ်တကူ မမုန်းတတ်ခဲ့ဘူး

အလွယ်တကူ မချစ်နဲ့ ချစ်သူ

ကိုယ်ဟာ နှလုံးသားရှိသူ မငိုချင်ခဲ့ ...

ကိုယ်ပဲ ချစ်မိတာ မှားလား

ချစ်သူရေ မှားနေဦး ...

ဆက်ချစ်စမ်းပါရစေ

ချစ်တဲ့သူလေး

သခင်ကြင်နာသူ မဖြစ်ခဲ့သူမို့ ...

တကယ်ဆို အသည်းကွဲမြို့က

မင်း စွန့် ခွာနိုင်သူပါ

ဒီလို အသည်းကွဲပြီးတော့

ကိုယ်ရဲ့ကမ္ဘာ ပျက်စီးသွား

မဆုံခင် လမ်းခွဲရပြီ

အခုတော့လေ ကြေကွဲရ ...

တစ်ခါတစ်ရံ ချစ်တဲ့ အချစ်များ

စိမ်းပြီလား ...

မလာနဲ့ မတားဆီးခဲ့သူ

မပြန်နဲ့ မပြောဘူးချစ်သူ

ကိုယ်ဟာ ပိတ်လို့ မရတဲ့

တံခါးလေးထဲ

ဘာမှ ပြောင်းလဲမရဘူး

တကယ်ဆို မင်းစွန့် သွားတဲ့

အသည်းနှလုံးမြို့ပျက်ကြီးမှာနေသူပေါ့

အချိန်ဟာမိုးကြိုးလို ပြင်းရှ

အိပ်မက်ထိ ချစ်ရသူလေး ...

ကိုယ့်ရဲ့အသည်းနဲ့ အသွေးတွေ

ကျွမ်းရစ်ခဲ့ပြီမို့ 

သခင်မကြင်နာသူ ကိုယ့်ဘဝကိုမေ့ ...

တကယ်ဆို အသည်းကွဲမြို့က

မင်း စွန့် ခွာနိုင်သူပါ

ဒီလို အသည်းကွဲပြီးတော့

ကိုယ်ရဲ့ကမ္ဘာ ပျက်စီးသွား

မဆုံခင် လမ်းခွဲရပြီ

အခုတော့လေ ကြေကွဲရ ...

တစ်ခါတစ်ရံ ချစ်တဲ့ အချစ်များ

စိမ်းပြီလား ...

အိပ်မက်လား ... ဟေ့ အို ...

အရင်လို အချစ်များနဲ့ 

ပွေ့ဖက် ထားချင်သေး

အကြင်နာ စိမ်းကားတဲ့

သူရဲ့အချစ်လေး

တကယ်ကို ထိန်းချုပ်ခွင့်မဲ့

လွင့်ပျက်တော့မယ်

လေနှင်ခဲ့သူရေ အိပ်မက်ချစ်သူရေ ...

တကယ်ဆို အသည်းကွဲမြို့က

မင်း စွန့် ခွာနိုင်သူပါ

ဒီလို အသည်းကွဲပြီးတော့

ကိုယ်ရဲ့ကမ္ဘာ ပျက်စီးသွား

မဆုံခင် လမ်းခွဲရပြီ

အခုတော့လေ ကြေကွဲရ ...

တစ်ခါတစ်ရံ ချစ်တဲ့ အချစ်များ

စိမ်းပြီလား ...

သခင်ရေ ဒီလိုပဲ ... ဟေး

အသည်းခွဲ... ဖို့ လား ...

အို ... အိုး ... အို ...

အို ... အိုး ... အို ...

Еще от ဂရေဟမ်

Смотреть всеlogo
အိပ်မက်ချစ်သူ от ဂရေဟမ် - Тексты & Каверы