menu-iconlogo
huatong
huatong
avatar

ဝေးမယ့်တစ်နေ့ ငြိမ်းချမ်းကို

ငြိမ်းချမ်းကိုhuatong
Daisy'huatong
Тексты
Записи
ဒီမှတ်ညဏ်လေးတွေထဲမှာ

မင်းဟာပျောက်ကွယ်လာမယ့် တစ်နေ့

ခွဲခွာခြင်းကို ပြုံးရယ်ပြီး

ပြန်ပြောလာနိုင်မယ့်တစ်နေ့...

မင်းကိုငါ့ရင်ထဲမှာ အပြီးတိုင်ထုတ်ဖို့

အဆင်သင့်ဖြစ်မယ့်တစ်နေ့

မင်းရဲ့လက်ကို

ရဲရဲတင်းတင်းလွှတ်ချနိုင်မယ့် တစ်နေ့...

ကြိုးထုံးတွေသာများလာတယ်

သံယောဇဉ်တွေလည်း ပြတ်တော့မယ်

တစ်ဖက်ကပဲ ကိုယ်ဆွဲထားရတယ်

ဒီဆက်ဆံရေးကို

တဖြည်းဖြည်းစိတ်ကုန်တယ်...

တစ်နေ့နေ့တော့

မကြာတော့မယ့်တစ်နေ့နေ့တော့...

ကိုယ်နောင်တတွေကင်းစွာ မင်းရဲ့အဝေး

အဝေးကို ထွက်သွားမယ်

တစ်‌နေ့နေ့တော့

တကယ်ဝေးမယ့်တစ်‌နေ့နေ့တော့...

ကိုယ်ဟာလိပ်ပြာသန့်စွာ မင်းရဲ့အဝေး

အပြီးတိုင်ထွက်သွားတော့မယ်

မင်းရဲ့အဝေး...

UPL - Daisy'

ကိုယ့်အိပ်မက်တွေထဲတောင်

မင်းဟာ ရောက်မလာနိုင်မယ့်တစ်နေ့

ခွဲခွာခြင်းကို ပြုံးရယ်ပြီး

ငါလက်ခံလာမယ့်တစ်နေ့

မင်းကိုငါ့ရင်ထဲမှာ အပြီးတိုင်ထုတ်ဖို့

အဆင်သင့်ဖြစ်မယ့်တစ်နေ့

မင်းရဲ့လက်ကို

ရဲရဲတင်းတင်းလွှတ်ချနိုင်မယ့် တစ်နေ့...

အို....ဟိုး....

ငြိမ်းချမ်းကို - ဝေးမယ့်တစ်နေ့

ကြိုးထုံးတွေသာများလာတယ်

သံယောဇဉ်တွေလည်း ပြတ်တော့မယ်

တစ်ဖက်ကပဲ ကိုယ်ဆွဲထားရတယ်

တစ်နေ့နေ့တော့

မကြာတော့မယ့်တစ်နေ့နေ့တော့...

ကိုယ်နောင်တတွေကင်းစွာ မင်းရဲ့အဝေး

အဝေးကို ထွက်သွား‌မယ်

တစ်‌နေ့နေ့တော့

တကယ်ဝေးမယ့်တစ်‌နေ့နေ့တော့...

ကိုယ်ဟာလိပ်ပြာသန့်စွာ မင်းရဲ့အဝေး

အပြီးတိုင်ထွက်သွားတော့မယ်

တစ်နေ့နေ့တော့

မကြာတော့မယ့်တစ်နေ့နေ့တော့...

ကိုယ်နောင်တတွေကင်းစွာ မင်းရဲ့အဝေး

အဝေးကို ထွက်သွား‌တော့မယ်

တစ်‌နေ့နေ့တော့

တကယ်ဝေး...မယ့်တစ်‌နေ့နေ့တော့...

ကိုယ်ဟာလိပ်ပြာသန့်စွာ မင်းရဲ့အဝေး

အပြီးတိုင်ထွက်သွားတော့မယ်

မင်းရဲ့အဝေး

Еще от ငြိမ်းချမ်းကို

Смотреть всеlogo