သို့...ရည်းစားဟောင်း
ဆို/ငြိမ်းချမ်းကို
?
ကြယ်ကလေးတွေခေါက်မယ်
ပြီးတော့မင်းဆီဆုတောင်းမယ်
မရေတွက်နိုင်လောက်ပေမယ့်
အသားကျသွားတဲ့နာကျင်မှုမျိုးနဲ့
ငါတို့မပြောင်းလည်းခဲ့ပါဘူး
ငါတို့နောက်ထပ်သူစိမ်းလည်း
မဖြစ်ချင်တော့ဘူး
လွမ်းနေခဲ့ပါတယ်သို့ပေမယ်
ဒီစကားကိုငါ နောက်ထပ်
မပြောတော့ဘူး
?
ကဗျာလေးတွေရေးမယ်
အဝေးကမင်းကိုရည်ညွန်းတယ်
စာရွက်ဖြူလေးခေါက်လို့
ပုလင်းထဲထည့်ကာ
မြစ်ပြင်မှာမျှောမယ်
ငါတို့အတိတ်ကချစ်ခဲ့ဖူး
ငါတို့နောက်ထပ်
လုံးဝမသက်ဆိုင်ဘူး
တွေ့ချင်နေခဲ့တယ်သို့ပေမယ့်
ငါတို့တွေနောက်ထပ်
မတွေ့ဖြစ်တော့ဘူး
?
လူတစ်ယောက်ကို
ချစ်တယ်ဆိုတဲ့
နေရာမှာပဲငါထားခဲ့တော့မယ်
ပြောင်းလည်းတတ်လာတယ်
ငါ့ကိုယ်ငါလည်း
အရင်ထက်ပိုချစ်လာတယ်
ကံတရားဟာတွေ့ဆုံခွင့်ပဲ
မဟုတ်ပဲကွေကွင်းကြရတယ်
အတိတ်တို့ရှိခဲ့တဲ့
လမ်းတွေပေါ်ပဲ
ငါပြန်ရောက်နေတယ်
မင်းလည်းနောက်တစ်ယောက်
ငါ့လိုလူတွေ့အုံးမယ်
ငါလည်းနောက်
တစ်ယောက်တွေ့အုံးမယ်
လွမ်းနေခဲ့ပါတယ်
သို့ပေမယ့် သို့ပေမယ့်
?
မျောလွင့်သွားတဲ့တိမ်တွေလို
ကွန်လွတ်သွားတဲ့ငါးကလေးရယ်
မင်းအေးချမ်းပါစေ
ကြိုးပြတ်သွားတဲ့စွန်တွေလို
မိုးပျံဘူဖောင်းလေးလို
လွတ်လပ်စွာဝေးရာ
ပျံသန်းပါ....အိုးးးး
?
လူတစ်ယောက်ကို
ချစ်တယ်ဆိုတဲ့
နေရာမှာပဲ
ငါထားခဲ့တော့မယ်
ပြောင်းလည်းတတ်လာတယ်
ငါ့ကိုယ်ငါလည်း
အရင်ထက်ပိုချစ်လာတယ်
ကံတရားဟာတွေ့ဆုံခွင့်ပဲ
မဟုတ်ပဲကွေကွင်းကြရတယ်
အတိတ်တို့ရှိခဲ့တဲ့
လမ်းတွေပေါ်ပဲငါလည်း
ပြန်ရောက်နေတယ်
မင်းလည်းနောက်တစ်ယောက်
ငါ့လိုလူတွေ့အုံးမယ်
ငါလည်းနောက်
တစ်ယောက်တွေ့အုံးမယ်
လွမ်းနေခဲ့ပါတယ်
သို့ပေမယ့် သို့ပေမယ့်
?
ကြယ်လေးတွေခေါက်မယ်
အဝေးကမင်းဆီ
ဆုတောင်းမယ်
...ဟူးးးး