ကောင်ကလေးတွေက
ရည်းစားစကားမပြောရဲလို့ရှိရင်
ရည်းစားစာရေးတတ်ကြတယ်
ဒီတစ်ခုက
စိုင်းစိုင်းရေးတဲ့ ရည်စားစာ
ငြိမ်းချမ်းပါစေ ကောင်မလေးရေ
ရင်ထဲက အချစ်များနဲ့
အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက် ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရေ
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်
ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်
စိတ်ဓာတ်မကျပါနဲ့
မင်းရဲ့အိပ်မက်ပြိုကျတိုင်း
ငါ့ပခုံးကို ခေါင်းအုံးလုပ်လို့
စိတ်ရှိလက်ရှိပေါ့ ငိုချလိုက်
အတိတ်ဆိုးတွေ အားလုံးမေ့
ဝဲပစ်လိုက်တော့ ဟိုးအဝေး
ဒီနေ့ကစ နောက်ဘဝအထိ
အလွမ်းနဲ့ အဆွေးနဲ့ ဝေးပါစေ
ပူပန်သောကတွေပေးမယ့်
ပတ်ဝန်းကျင်ကို အဆက်အသွယ်ဖြတ်
လူတွေက အတင်းသိပ်ပြောတယ်
နားထောင်မိရင် အသက်ရှူကြပ်မယ်
ရှုပ်တယ် ဟုတ်တယ်
ခေါင်းမငုံ့နဲ့ ခေါင်းကိုမော့
သံသရာဟာ လည်နေစမြဲပဲ
အဆိုးပြီးတော့ အကောင်းတွေပေါ့
လက်တွဲတွေ တကယ်ခိုင်မြဲရင်
အနာဂတ်ကို ရင်ဆိုင်ရဲတယ်
ဘယ်လိုပုံစံစိန်ခေါ်ဦးမလဲ
လောက ငါယှဉ်ပြိုင်ရဲတယ်
နတ်စီတဲ့ အိပ်မက်တွေက
လွယ်လွယ်နဲ့ မရနိုင်ဘူးတဲ့
ငါ့ကျောမှာ မင်းကိုပိုးပြီး
ကြယ်တံခွန်လည်း ငါဆွတ်ခူးမယ်
ငြိမ်းချမ်းပါစေ ကောင်မလေးရေ
ရင်ထဲက အချစ်များနဲ့
အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက် ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရေ
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်
ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်
မနေ့ညက အိပ်မက်ထဲမှာ
ကျွန်တော့်နတ်သမီးလေး အသေလှတယ်
သတို့သမီးဝတ်စုံနဲ့ နှင်းဆီပန်းတွေက
အရှေ့မှာ ကြွေကျတယ်
ကင်မရာမီးတဖျပ်ဖျပ်နဲ့
ရင်ခုန်သံတလှပ်လှပ်နဲ့
အနီရောင်ကော်ဇောကြီးအထက်မှာ
အပျော်တွေဆိုတာ အကန့်အသတ်မဲ့
စိတ်ချပါကောင်မလေး
မရှိတော့ဘူး အမှောင်ညတွေ
ငါ့အိပ်မက်ထဲက အတိုင်းပဲ
မင်းနဲ့ မင်္ဂလာဆောင်ပါရစေ
ဘဝရဲ့အချိုးအကွေ့အနိမ့်အမြင့်
အတက်အကျ ဒုက္ခနဲ့ကြုံရပါစေ
ဆင်းရဲပါစေ ချမ်းသာပါစေ
ကျန်းမာပါစေ နာဖျားပါစေ
တဖြည်းဖြည်းကြီးလာတဲ့အခါ
ဘုရားသွားဖော် ဆေးပေးမီးယူ
ဘဝဆက်တိုင်းအနားမှာအမြဲ
ဘဝဆက်တိုင်းချစ်နေမယ့်သူ
ဆံပင်တွေဖြူ သွားကျိုးတဲ့အထိ
ဒီရင်ခွင်မှာ မှေးစက်လိုက်
အဘွားကြီးမျက်လုံးလေးမှိတ်
အဘိုးကြီးချော့သိပ်မယ် Good Night
ငြိမ်းချမ်းပါစေ ကောင်မလေးရေ
ရင်ထဲက အချစ်များနဲ့
အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက် ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရေ
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်
ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်
ဟိတ် ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့
မျှော်လင့်ခြင်း အသစ်ပြန်ဖြစ်ခဲ့
နက္ခတ်တွေစုံညီနေလို့
ဟိတ် ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့
လေပြေထဲမျောကာလွင့်ခဲ့
အိပ်ရာဝင်ပုံပြင်တွေလို
ဟိတ် ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့
မျှော်လင့်ခြင်း အသစ်ပြန်ဖြစ်ခဲ့
နက္ခတ်တွေစုံညီနေလို့
ဟိတ် ဟိတ် မိန်းကလေး တဒိတ်ဒိတ်ခုန်နေလို့
လေပြေထဲမျောကာလွင့်ခဲ့
အိပ်ရာဝင်ပုံပြင်တွေလို
ငြိမ်းချမ်းပါစေ ကောင်မလေးရေ
ရင်ထဲက အချစ်များနဲ့
အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက် ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရေ
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်
ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်
ငြိမ်းချမ်းပါစေ ကောင်မလေးရေ
ရင်ထဲက အချစ်များနဲ့
အိပ်မက်တစ်ခုလို အနာဂတ်တစ်ခုကို
ထာဝရအတွက် ဖန်ဆင်းမယ်
အေးချမ်းပါစေ ချစ်သူလေးရေ
ငါမင်းအတွက်အချိန်တိုင်းရှိမယ်
ကမ္ဘာတစ်ခုလုံးကို ငါအော်ပြောလိုက်မယ်
ဒီတစ်ယောက်တည်းပဲ ချစ်ပါမယ်