စိုးစန္ဒာထွန်း
မျက်လုံးဖွင့်ပြီးအိပ်ကြည့်ပါ
တေးရေး/ဂီတာဖေဝင်း
တေးဆို/စိုးစန္ဒာထွန်း
3
2
1
အချစ်ဆုံးရယ်
အပြစ်ရှာအမုန်းစကားဆိုတော့
မေတ္တာအရှုံးသမားဘဝနဲ့
သစ္စာနှလုံးသား အလှမဲ့
ရုပ်ဆိုးရမယ်
လကွယ်ည သန်းခေါင်
မိုးအမှောင်ကျတာထက်
မေ့ဘဝ ညဉ့်နက်ရပြီကွယ်
သစ်ရွက်ကလေးတွေ လေမှာဝဲသလို
ကြွေစရာလည်း အသည်းအပိုမရှိ
ချစ်မိသည့်ဝန်တာ ရင်မှာပိုက်ထွေး
ချစ်ကြွေးသံသရာလည်
အချစ်ဆုံးရယ်
အပြစ်ရှာအမုန်းစကားဆိုတော့
မေတ္တာအရှုံးသမားဘဝနဲ့
သစ္စာနှလုံးသား အလှမဲ့
ရုပ်ဆိုးရမယ်
လကွယ်ည သန်းခေါင်
မိုးအမှောင်ကျတာထက်
မေ့ဘဝ ညဉ့်နက်ရပြီကွယ်
သစ်ရွက်ကလေးတွေ လေမှာဝဲသလို
ကြွေစရာလည်း အသည်းအပိုမရှိ
ချစ်မိသည့်ဝန်တာ ရင်မှာပိုက်ထွေး
ချစ်ကြွေးသံသရာလည်
သည်ဘဝ သည်မျှနဲ့ဘဲ
လမ်းခွဲကြပါစို့တဲ့
မုန်းမေ့ဖို့ သူကပြောလာတယ်
အသည်းစိုင်မှူးရယ်
မေဘယ်လို မုန်းမေ့နိုင်ပါ့မယ်
မခွဲနိုင်ဘူးကွယ်
မေဘယ်လို မုန်းမေ့နိုင်ပါ့မယ်
ကျောက်ဆစ်ရုပ်လို
အသည်းမရှိရင်တော့
စွဲမိလေသမျှ
မုန်းမေ့လို့ ရနိုင်ပေလိမ့်မယ်
မျက်လုံးဖွင့်ပြီး
အိပ်ကြည့်စမ်းပါအချစ်ရယ်
စိတ်အသိမှာမလွယ်
ပင်ပန်းနွမ်းနယ်
မဖြစ်နိုင်သလိုဘဲ.. ကွယ်
အသက်လိုချစ်တဲ့သူကို
မေဘယ်လို ပမာနည်းနာနဲ့
နာကြည်းကာ မုန်းမေ့နိုင်ပါ့မယ်
မျက်လုံးဖွင့်ပြီး
အိပ်ကြည့်စမ်းပါအချစ်ရယ်
မျက်လုံးဖွင့်ပြီး
အိပ်ကြည့်စမ်းပါ
အချစ်ရယ်နော်.. ကွယ်
3
2
1
သည်ဘဝ သည်မျှနဲ့ဘဲ
လမ်းခွဲကြပါစို့တဲ့
မုန်းမေ့ဖို့ သူကပြောလာတယ်
အသည်းစိုင်မှူးရယ်
မေဘယ်လို မုန်းမေ့နိုင်ပါ့မယ်
မခွဲနိုင်ဘူးကွယ်
မေဘယ်လို မုန်းမေ့နိုင်ပါ့မယ်
ကျောက်ဆစ်ရုပ်လို
အသည်းမရှိရင်တော့
စွဲမိလေသမျှ
မုန်းမေ့လို့ ရနိုင်ပေလိမ့်မယ်
မျက်လုံးဖွင့်ပြီး
အိပ်ကြည့်စမ်းပါအချစ်ရယ်
စိတ်အသိမှာမလွယ်
ပင်ပန်းနွမ်းနယ်
မဖြစ်နိုင်သလိုဘဲ.. ကွယ်
အသက်လိုချစ်တဲ့သူကို
မေဘယ်လို ပမာနည်းနာနဲ့
နာကြည်းကာ မုန်းမေ့နိုင်ပါ့မယ်
မျက်လုံးဖွင့်ပြီး
အိပ်ကြည့်စမ်းပါအချစ်ရယ်
မျက်လုံးဖွင့်ပြီး
အိပ်ကြည့်စမ်းပါ
အချစ်ရယ်နော်.. ကွယ်
ပြီးပါပြီ။
?Thet Paing?
? Thank you?
? July 22, 2021?