နေရစ်လေဦးနေဝင်ချိန်
စောဝင်းလွင်
နေဝင်ချိန်ရယ် ကြိုနေဦး
မျှော်လင့်ချက်များက နှလုံးသားတစ်ခုလိုလှိုက်ခုန်နေ
အာရုံလင်းချိန်
ဝေးခဲ့ရတဲ့ချစ်သူတွေ
လွမ်းခဲ့ရတဲ့နေ့ရက် အားလုံးအဆုံးသတ်ခြင်း
ခန္ဓာကိုယ်ရယ် ခွင့်လွှတ်ဦး
မချစ်မနှစ်သက်လို့ ကျောခိုင်းထားခဲ့ခြင်းမဟုတ်ဘူး
ဒါကိုနားလည်
အပြစ်တရားရဲ့ လက်ကန့်သတ်ချက်
အဖိုးအခအဖြစ်နဲ့ နှုတ်ဆက်ခြင်းတရားတောင်းဆိုနေ
ပျော်ပါတယ်ဒီကမ္ဘာ ကျောခိုင်းမသွားရက်ပေမယ့်
ဟိုမှာလေကြိုနေ မိုးသားထက်ကကောင်းကင်ဘုံ
တစ်ချိန်မှာ ပြန်ဆုံတွေ့ကြဖို့
ဆုတောင်းရင်း စောင့်ကြိုလို့နေမယ်
နေဝင်ချိန်ရယ် မင်းအရောက်သာလာခဲ့

နေဝင်ချိန်ရယ် အမြန်လာခဲ့
ငါကြိုစောင့် နေမယ်