menu-iconlogo
huatong
huatong
avatar

မိသားစုကန်တော့ပွဲ

တေးဆို/မင်းလွင်မိုး/စိမ့်နေခြည်huatong
KoHtet_star205huatong
Тексты
Записи
မိသားစုကန်တော့ပွဲ

တေးဆို / မင်းလွင်မိုး /စိမ့်နေခြည်

Intro...........

(G) လူလားမြောက်တဲ့အရွယ်ကထဲကလေ

လောကဒါဏ်ကို ရင်ဆိုင်တွေ့ကြုံခဲ့ပါပြီ

နိမ့်ခြည်တခါ သာခြည်တလှည့်ရယ်နဲ့

သမုဒယနယ်မှာ ကျင်လည်ကျက်စား

မအားလပ်နိုင်ရှာပေ လောကဓမ္မတာ

သောကအဖြာဖြာကြုံခဲ့ရပေ ချစ်သောဖေဖေ

ချစ်သောမေမေမတွေ့တာကြာလေလေ ပို၍

သတိရလေတယ်လေ ရင်၌လွယ်ဖွား

သားသမီးများကအတိုးချကန်တော့ပါရစေ...

( B) မြင့်မိုရ်တောင်ဦးကျေးဇူးဂုဏ်တွေ

ဆပ်လို့မကုန်ပေ သီတာရေတပေါက်လေး

ကျရုံမျှနဲ့မိဘတို့ဝမ်းမငြိမ်းချမ်းပေ

ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်

ဝါးဖတ်တော်ကဆီနှစ်နဲ့လူဖြစ်အောင်ကျွေး

မှဲ့ခြင်ယင်မသမ်းရအောင် ပင်ပန်းကြီးစွာ

မွေးမြူခဲ့ပေ ဒီကျေးဇူးဂုဏ်တွေ ရည်မျှော်မှန်းလို့

သားကန်တော့ပါတယ်လေ

ကျေးဇူးရှင်ဖေဖေနဲ့မေမေ

ငယ်စဥ်တောင်ကျေးခလေးဘဝက

တေးဆိုလို့ချော့မြူပုံတွေ မှတ်မိနေသေးပေ

ခိုဖြူ ခိုပြာခိုဝါနက်ကယ်အဖမ်းခက်လို့

ဆိုတဲ့အသံတွေ..( G ) မိတ္ထီလာကန်တော်အောက်က

ဖားလေးတွေကောက်ခါပေးဖို့မှာလိုက်တဲ့

အသံလေးတွေသမီးဖြင့်ကြားရောင်မှိတယ်လေ....

( B ) ငယ်စဥ်တောင်ကျေးခလေးဘဝက

တေးဆိုလို့ချော့မြူပုံတွေ မှတ်မိနေသေးပေ

ခိုဖြူ ခိုပြာခိုဝါနက်ကယ်အဖမ်းခက်လို့ဆိုတဲ့အသံတွေ....( G ) မိတ္ထီလာကန်တော်အောက်က

ဖားလေးတွေကောက်ခါပေးဖို့မှာလိုက်တဲ့

အသံလေးတွေသမီးဖြင့်ကြားရောင်မှိတယ်လေ....

(B) သကလရေကြည် သြော်စတေတည်ကထဲက

ပူငန်စပ်ခါးရှောင်ရှားကာလေ မကောင်းမေတ္တာ

သြော်ကောင်းရာညွှန်လို့ ရင်းနှီးပေးဝေ

အတတ်ကိုလည်းသင်စေ ထိမ်းမျှားခြင်း

ဝတ်ငါးထွေ ကျေပွန်ပါပေ ကြီးမားသော

မေတ္တာမျိုးနဲ့ သားသမီးဆိုးတွေကိုလည်း

ပြစ်ရိုးထုံးစံမရှိခဲ့ပေ တို့ဘုရားတော်မှ

နို့တလုံးဘိုးကြေ အနန္တဂိုင်းဝင်ကျေးဇူးရှင်

မိဘနှစ်ပါးကိုသားကန်တော့ပါတယ်လေ...

(B. G) တအူတုံဆင်းတို့မောင်နှမရင်းတွေ

ချစ်ချင်းမေတ္တာအဓိကထားလို့လေ...

ကျေးဇူးရှင် မိဘနှစ်ပါးရဲ့ သြောဝါဒစကားတွေ

မကြားရတာကြာခဲ့ပြီလေချစ်သောဖေဖေ

ချစ်သောမေမေသားတို့သမီးတို့လက်ဆယ်ဖြာ

ယှက်ကာမိုးလို့ရှစ်ခိုးကန်တော့ပါရစေ

ကျေးဇူးရှင်ဖေဖေနဲ့မေမေ

ကျေးဇူးရှင်ဖေဖေနဲ့မေမေ

ကျေးဇူးရှင်ဖေဖေနဲ့မေမေ

ကျေးဇူးရှင်ဖေဖေနဲ့မေမေ

ကျေးဇူးရှင်ဖေဖေနဲ့မေမေ ...

ကျေးဇူးတင်ပါတယ်...

Еще от တေးဆို/မင်းလွင်မိုး/စိမ့်နေခြည်

Смотреть всеlogo
မိသားစုကန်တော့ပွဲ от တေးဆို/မင်းလွင်မိုး/စိမ့်နေခြည် - Тексты & Каверы