နှလုံးသားလက်ဖွဲ့ပြန်ပါ့မယ် 
တွံတေးစိုးအောင် 
    အသည်းကိုလည်း 
ပေးဆပ်ခဲ့ပြီ 
အချစ်တွေလည်း 
မောင်ရှုံးခဲ့ပြီ 
အမုန်းတွေမောင် 
ရလိုက်လေပြီ... 
မေတ္တာဒီဇာတ်လမ်းမှာ 
မောင်သာ 
အရှုံးသမားဖြစ်ခဲ့ပြီ 
မောင်သာ 
အရှုံးသမားဖြစ်ခဲ့ပြီ 
.... 
သီတာနဲ့ဒဿ သအခြေဘဝ 
အချစ်ကိုမပိုင်ဆိုင်နိုင်ပြီ 
အသည်းပေး 
ချစ်ပေမဲ့လည်း 
ဒဿ သရှုံးခဲ့ပြီ 
အခုမြင်အခုကြိုက် 
ရာမနိုင်ပြီ 
... 
မောင်လည်း 
ထို့အတူပါပဲ 
အချစ်ကြီးသမျှ 
အရှုံးကြီးရှုံးပြီ 
မင်းရဲ့မင်္ဂလာပွဲမှာ 
သြော်မင်းရဲ့မင်္ဂလာပွဲမှာ 
နောက်ဆုံးလက်ဆောင် 
အရှုံးသမား 
နှုတ်မဆက်သာပါပြီ 
နှလုံးသား 
လက်ဖွဲ့ပြန်ပါမည် 
  အသည်းကိုလည်း 
ပေးဆပ်ခဲ့ပြီ 
အချစ်တွေလည်း 
မောင်ရှုံးခဲ့ပြီ 
အမုန်းတွေမောင် 
ရလိုက်လေပြီ 
... 
မေတ္တာဒီဇာတ်လမ်းမှာ 
မောင်သာ 
အရှုံးသမားဖြစ်ခဲ့ပြီ 
မောင်သာ 
အရှုံးသမားဖြစ်ခဲ့ပြီ 
  သီတာနဲ့ဒဿ အခြေဘဝ 
အချစ်ကိုမပိုင်ဆိုင်နိုင်ပြီ 
အသည်းပေး 
ချစ်ပေမဲ့လည်း 
ဒဿ သရှုံးခဲ့ပြီ 
အခုမြင်အခုကြိုက် 
ရာမနိုင်ပြီ 
..... 
မောင်လည်းထို့အတူပါပဲ 
အချစ်ကြီးသမျှ 
အရှုံးကြီးရှုံးပြီ 
မင်းရဲ့မင်္ဂလာပွဲမှာ 
သြော်မင်းရဲ့မင်္ဂလာပွဲမှာ 
နောက်ဆုံးလက်ဆောင် 
အရှုံးသမား 
နှုတ်မဆက်သာပါပြီ 
နှလုံးသား 
လက်ဖွဲ့ပြန်ပါမည် 
  တစ်ခုတော့ 
မေးချင်ပါသည် 
အချစ်ကိုခင်သလား 
ဓနကိုမင်သလား 
ငွေမရှိလို့ 
မုန်းလိုက်တယ်ထင်သည် 
.... 
ဆင်းရဲတဲ့ 
မောင့်နှလုံးသားမှာ 
အကြင်နာတရား 
ရှိပေမဲ့လည်း 
အမုန်းခံဘဝမှာ 
ဖြေမဆည် 
အသုံးခံရပါလေပြီ 
ဆင်းရဲလို့သူမုန်းလိုက်ပြီ 
ငွေမက်တဲ့မရွှေချောက 
အချစ်မပါမင်္ဂလာပွဲ 
နွှဲလို့ပျော်ခဲ့ပြီ 
အရှုံးသမား 
အမုန်းမပွားရက်ပြီ 
ကိုယ့်အကြောင်းနဲ့  
ရှိစေချင်ပါသည် 
... 
မကန့်ကွက်ပါဘူး 
မနှောင့်ယှက်ပါဘူး 
ကြည်ဖြူ စွာပဲရှိနေမည် 
ဒီမင်္ဂလာပွဲမှာ 
အရှုံးသမား 
နှုတ်မဆက်သာပါပြီ 
နှလုံးသား 
လက်ဖွဲ့ပြန်ပါမည် 
    အသည်းကိုလည်း 
ပေးဆပ်ခဲ့ပြီ 
အချစ်တွေလည်း 
မောင်ရှုံးခဲ့ပြီ 
အမုန်းတွေ 
မောင်ရလိုက်လေပြီ 
မေတ္တာဒီဇာတ်လမ်းမှာ 
မောင်သာ 
အရှုံးသမားဖြစ်ခဲ့ပြီ 
မောင်သာ 
အရှုံးသမားဖြစ်ခဲ့ပြီ 
... 
သီတာနဲ့ဒဿ သအခြေဘဝ 
အချစ်ကိုမပိုင်ဆိုင်နိုင်ပြီ 
အသည်းပေး 
ချစ်ပေမဲ့လည်း 
ဒဿ သရှုံးခဲ့ပြီ 
အခုမြင်အခုကြိုက် 
ရာမနိုင်ပြီ 
... 
မောင်လည်း 
ထို့အတူပါပဲ 
အချစ်ကြီးသမျှ 
အရှုံးကြီးရှုံးပြီ 
မင်းရဲ့မင်္ဂလာပွဲမှာ 
သြော်မင်းရဲ့မင်္ဂလာပွဲမှာ 
နောက်ဆုံးလက်ဆောင် 
အရှုံသမား 
နှုတ်မဆက်သာပါပြီ 
နှလုံးသား 
လက်ဖွဲ့ပြန်ပါမည် 
  တစ်ခုတော့ 
မေးချင်ပါသည် 
အချစ်ကိုခင်သလား 
ဓနကိုမင်သလား 
ငွေမရှိလို့ 
မုန်းလိုက်တယ်ထင်သည် 
... 
ဆင်းရဲတဲ့ 
မောင့်နှလုံးသားမှာ 
အကြင်နာတရား 
ရှိပေမဲ့လည်း 
အမုန်းခံဘဝမှာ 
ဖြေမဆည် 
အသုံးခံရပါလေပြီ 
ဆင်းရဲလို့သူမုန်းလိုက်ပြီ 
ငွေမက်တဲ့မရွှေချောက 
အချစ်မပါ 
မင်္ဂလာပွဲနွှဲလို့ပျော်ခဲ့ပြီ 
အရှုံးသမား 
အမုန်းမပွားရက်ပြီ 
ကိုယ့်အကြောင်းနဲ့ 
ရှိစေချင်ပါသည် 
မကန့်ကွက်ပါဘူး 
မနှောင့်ယှက်ပါဘူး 
ကြည်ဖြူ စွာပဲရှိနေမည် 
ဒီမင်္ဂလာပွဲမှာ 
အရှုံးသမား 
နှုတ်မဆက်သာပါပြီ 
နှလုံးသား 
လက်ဖွဲ့ပြန်ပါမည်။ 
ပြီးပါပြီ 
 MinKhent