ကိုယ်ရယ်မင်းရယ်ပိတောက်ရယ် 
တွံတေးသိန်းတန် 
တေးရေး သောင်းတင်ဌေး 
... 
ကန်ပတ်လည်ခရေရိပ် 
ရွာထိပ်က ကျောင်းတော်သာနံဘေးဝယ် 
မခွဲတမ်းကြင်မယ် ဒီစကား 
မေ့ပြီလားကွယ်အချစ်ရယ် 
အပြောမတည်သလောက် 
ဟောဒီပိတောက်တွေပွင့်ရင် 
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ် 
ဒီဇာတ်လမ်းမှာကွယ် ကိုယ်ရယ်မင်းရယ် 
ပန်း ပိတောက်ရယ် 
ကန်ပတ်လည်ခရေရိပ် 
ရွာထိပ်က ကျောင်းတော်သာနံဘေးဝယ် 
မခွဲတမ်းကြင်မယ် ဒီစကား 
မေ့ပြီလားကွယ်အချစ်ရယ် 
အပြောမတည်သလောက် 
ဟောဒီပိတောက်တွေပွင့်ရင် 
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ် 
ဒီဇာတ်လမ်းမှာကွယ် ကိုယ်ရယ်မင်းရယ် 
ပန်း ပိတောက်ရယ် 
ပန်းတကာ့ပန်း ဘယ်ပန်း ကြိုက်သလဲကွယ် 
ရွေးချယ်မေးခဲ့ပြန်ပါတယ် 
တစ်ယောက်ပျို မကိုဋ်နွယ်ကရယ် 
ပိတောက်ကို ကြိုက်ပြန်သတဲ့ကွယ် 
ဒီတစ်ခါ ပိတောက်ဖူးရင် 
ရည်စူးချက်မပြယ် 
ရွာကိုရောက်ရင်လည်း 
ပိတောက်တစ်ခက်နှင်း ဆက်ပါ့မယ် 
ဟော ပိတောက်တွေ ပွင့်နေပါပြီကွယ် 
ပိတောက်ကိုတစ်ယောက်ပျို ချစ်သလို 
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့ 
မင်း ပိတောက်ချစ်သလိုပါကွယ် 
ရွှေစင်ညှာဝိုက် 
ပိတောက်ကြိုက်တဲ့ ချစ်သူရယ် 
အနေမှာ တစ်မြေခြား 
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား 
စိမ်းကားတဲ့သဘောနှယ် 
မိန်းမချောရယ် 
ပိတောက်တွေ ပွင့်နေပြန်ပြီကွယ် 
..... 
ပိတောက်ကိုတစ်ယောက်ပျို ချစ်သလို 
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့ 
မင်း ပိတောက်ချစ်သလိုပါကွယ် 
ရွှေစင်ညှာဝိုက် 
ပိတောက်ကြိုက်တဲ့ ချစ်သူရယ် 
အနေမှာ တစ်မြေခြား 
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား 
စိမ်းကားတဲ့သဘောနှယ် 
မိန်းမချောရယ် 
ပိတောက်တွေ ပွင့်နေပြန်ပြီကွယ် 
မိရိုးဖလာယဉ်ကျေးမှုနဲ့ 
မြန်မာဆန်တဲ့တောအလှ ကေသီနွယ် 
မြင်ယောင်ကြည့်ပါလေကွယ် 
ကောက်ပင်ပျိုရင်မှာပွေ့ 
တောဓလေ့ သီချင်းဆိုပုံများရယ် 
တစ်မြို့တစ်ရွာကို ပြောင်းကာသွား 
ချစ်တဲ့သူရင်နွဲ့နှောင်းရယ် 
နွေမိုးဆောင်းတွေကြာပြီကွယ် 
အပြောမတည်သလောက် 
ဟောဒီပိတောက်တွေ ပွင့်ရင် 
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ် 
ဒီဇာတ်လမ်းမှာကွယ် ကိုယ်ရယ်မင်းရယ် 
ပန်း ပိတောက်ရယ် 
မိရိုးဖလာယဉ်ကျေးမှုနဲ့ 
မြန်မာဆန်တဲ့တောအလှ ကေသီနွယ် 
မြင်ယောင်ကြည့်ပါလေကွယ် 
ကောက်ပင်ပျိုရင်မှာပွေ့ 
တောဓလေ့ သီချင်းဆိုပုံများရယ် 
တစ်မြို့တစ်ရွာကို ပြောင်းကာသွား 
ချစ်တဲ့သူရင်နွဲ့နှောင်းရယ် 
နွေမိုးဆောင်းတွေကြာပြီကွယ် 
အပြောမတည်သလောက် 
ဟောဒီပိတောက်တွေ ပွင့်ရင် 
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ် 
ဒီဇာတ်လမ်းမှာကွယ် ကိုယ်ရယ်မင်းရယ် 
ပန်း ပိတောက်ရယ် 
ပိတောက်ကိုတစ်ယောက်ပျို ချစ်သလို 
တစ်ယောက်ပျိုကို မောင်ကချစ်ခဲ့ 
မင်း ပိတောက်ချစ်သလိုပါကွယ် 
ရွှေစင်ညှာဝိုက် 
ပိတောက်ကြိုက်တဲ့ ချစ်သူရယ် 
အနေမှာ တစ်မြေခြား 
ပိတောက်နဲ့ကိုယ့်ကို မေ့ပြီလား 
စိမ်းကားတဲ့သဘောနှယ် 
မိန်းမချောရယ် 
ပိတောက်တွေ ပွင့်နေပြန်ပြီကွယ် 
..... 
မိရိုးဖလာယဉ်ကျေးမှုနဲ့ 
မြန်မာဆန်တဲ့တောအလှ ကေသီနွယ် 
မြင်ယောင်ကြည့်ပါလေကွယ် 
ကောက်ပင်ပျိုရင်မှာပွေ့ 
တောဓလေ့ သီချင်းဆိုပုံများရယ် 
တစ်မြို့တစ်ရွာကို ပြောင်းကာသွား 
ချစ်တဲ့သူရင်နွဲ့နှောင်းရယ် 
နွေမိုးဆောင်းတွေကြာပြီကွယ် 
အပြောမတည်သလောက် 
ဟောဒီပိတောက်တွေ ပွင့်ရင် 
မောင်ကြီးစိတ်မှာ မြင်ယောင်လာတယ် 
ဒီဇာတ်လမ်းမှာကွယ် ကိုယ်ရယ်မင်းရယ် 
ပန်း ပိတောက်ရယ် 
ကျေးဇူးတင်ပါတယ် .. 
winbo29