အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ 
တေးရေး သောင်းတင်ဌေး 
တေးဆို တွံတေးသိန်းတန် 
တစ်ယောက်အမိုက်ပိတောက်ကြိုက်ရာမှ 
ပိတောက်နဲ့ကိုယ့်ကိုမေ့သော 
ဒီဇာတ်သဘောမှာကွယ် 
ဂုဏ်ဓနမေတ္တာလွန်ပွဲဝယ် 
ဘ၀မမျှသူမောင့်တစ်ယောက်အတွက် 
ပိတောက်မှတစ်ဆင့် 
တစ်ယောက်နှမအချစ်ကိုပြော ရမှာ 
မောင်တော့ရှက်လှပါပြီကွယ် 
စစ်ပွဲတစ်ရာနွှဲလိုက်ချင်ရဲ့ 
အချစ်တစ်ပွဲတော့မနွှဲချင်တော့ဘူးကွယ် 
သြော် တစ်ယောက်အမိုက်ပိတောက်ကြိုက်ရာမှ 
ပိတောက်နဲ့ကိုယ့်ကိုမေ့သော 
ဒီဇာတ်သဘောမှာကွယ် 
ဂုဏ်ဓနမေတ္တာလွန်ပွဲဝယ် 
ဘ၀မမျှသူမောင့်တစ်ယောက်အတွက် 
ပိတောက်မှတစ်ဆင့် 
တစ်ယောက်နှမအချစ်ကိုပြော ရမှာ 
မောင်တော့ရှက်လှပါပြီကွယ် 
စစ်ပွဲတစ်ရာနွှဲလိုက်ချင်ရဲ့ 
အချစ်တစ်ပွဲတော့မနွှဲချင်တော့ဘူးကွယ် 
မိန်းမချော မှတ်မိလေမလားကွယ် 
ကန်ပတ်လည်ခရေရိပ် 
ရွာထိပ်က ကျောင်းတော်သာနံဘေး 
ပြေးလို့ကြည့်ရင်အချစ်မြင်ရလိမ့်မယ် 
အသည်းနင့်စရာ နွေဥသြ 
သူ့ချစ်သူတွေ့လိုဇောနဲ့ 
သူလည်း မောင်လိုသာတကယ် 
ကိုယ်ရယ် မင်းရယ် ပိတောက်ရယ် 
အိုကွယ် အချစ်ရယ် 
မပြောချင်တော့ဘူး ကွယ် . . . 
ချစ်မိသူမို့သာ တစ်ကယ် 
တစ်နည်းအားဖြင့်အဖြစ်ရှိသူပါကွယ် 
မပိုင်ဒီပန်းကို ယုယစွာစိုက်ခဲ့မိတဲ့ 
ဥယျာဉ်မှူးမောင့်ဘ၀အကြောင်းနဲ့ 
ဟောဒီပုံပြင် 
တကယ်လို့များတိုက်ဆိုင်နေရင်ကွယ် 
အချစ်ရယ် ရောက်ရာအရပ်က 
မောင့်ကို အပြစ်ပေးကွယ် 
Music  
မိန်းမချော မှတ်မိလေမလားကွယ် 
ကန်ပတ်လည်ခရေရိပ် 
ရွာထိပ်က ကျောင်းတော်သာနံဘေး 
ပြေးလို့ကြည့်ရင်အချစ်မြင်ရလိမ့်မယ် 
အသည်းနင့်စရာ နွေဥသြ 
သူ့ချစ်သူတွေ့လိုဇောနဲ့ 
သူလည်း မောင်လိုသာတကယ် 
ကိုယ်ရယ် မင်းရယ် ပိတောက်ရယ် 
အိုကွယ် အချစ်ရယ် 
မပြောချင်တော့ဘူး ကွယ် . . . 
ပုံပြင်သဘော ရှေးသရောကိုပြောရရင် 
ဖြူလွလွ ဆင်စွယ်ကိုကွယ် 
ပန်းပုဆရာတစ်ယောက်ရယ်က 
သြော် လက်ရာမြောက်စွာနဲ့တကယ် 
ဘီလူးငယ်ရုပ်ထုကလေး 
ချက်ချင်းအသက်သွင်းလို့ရယ် 
စိန်မြရံခြယ် ရွှေကြုတ်အတွင်းမှာထည့်ကာထား 
အလှကြည့်မယ်စိတ်ကူးများ နဲ့ရယ် 
ဇာတိနွယ်မပျောက်သမျှတော့ 
ကြောက်စရာ့ ဒီဘီလူးရယ် 
အချိန်တန်တော့လည်း 
အရေးထားဆို အသွေးအသားကို 
ပူဆာတတ်လာတယ် 
မောင်ပြောတာရှင်းပါလေ စကွယ် 
Music  
ပုံပြင်သဘော ရှေးသရောကိုပြောရရင် 
ဖြူလွလွ ဆင်စွယ်ကိုကွယ် 
ပန်းပုဆရာတစ်ယောက်ရယ်က 
သြော် လက်ရာမြောက်စွာနဲ့တကယ် 
ဘီလူးငယ်ရုပ်ထုကလေး 
ချက်ချင်းအသက်သွင်းလို့ရယ် 
စိန်မြရံခြယ် ရွှေကြုတ်အတွင်းမှာထည့်ကာထား 
အလှကြည့်မယ်စိတ်ကူးများ နဲ့ရယ် 
ဇာတိနွယ်မပျောက်သမျှတော့ 
ကြောက်စရာ့ ဒီဘီလူးရယ် 
အချိန်တန်တော့လည်း 
အရေးထားဆို အသွေးအသားကို 
ပူဆာတတ်လာတယ် 
မောင်ပြောတာရှင်းပါလေ စကွယ် 
ပိတောက်ပွင့်တွေက 
ကိုယ့်အတွက်ဆိုရင်လေတကယ် 
သစ္စာရှိရှိ 
တစ်နှစ်တစ်ခါပွင့်ကြတယ် 
ဇာတ်သဘောမှာစိမ်းကားတဲ့ 
ပိတောက်ကြိုက်တဲ့ချစ်သူရယ် 
ဂုဏ်ဓနလမ်းကြောင်းပေါ်မှကွယ် 
အသွေးအသားကိုတောင်းတဲ့ 
မထူးလှတဲ့ ဘီလူးအလှပုံပြင်နှယ် 
ဓနရည်ငွေအသွေးရယ်နဲ့ 
သရွေးကာချယ်ချင်သူရယ် 
စစ်ပွဲတစ်ရာနွှဲလိုက်ချင်ရဲ့ 
အချစ်တစ်ပွဲတော့ 
မနွှဲချင်တော့ဘူး ကွယ် 
Fb AhkarMannAung