ရင်ထဲက ချစ်ဦးမေ
ငါတမ်းတသိပ်လွမ်းနေ
မင်းခြေသံလေး
မင်းလေသံလေး
ငါပြန်ကြားရင်
ဘာကြောင့်များငါလွမ်းဆွေးနေ
ငါ့ရင်မှာလေ
အရင်အတိုင်းပဲမမေ့
အချစ်တွေဟာလေ
မကုန်ဆုံးသေးသရွေ့
ငါတို့နှစ်ဦး...
မဆုံနိုင်လမ်းဝေးလည်း
အထက်ကောင်းကင်ထဲမင်းနဲ့ငါ
အတူတူဆုံဆည်းပျော်မြူးရင်းနဲ့သာ
ပျော်နေဆဲ မျှော်နေမြဲ
နှစ်ယောက်တည်း..
ရှည်လျားအိပ်မက်တစ်ခုတည်းမှာ
အတူ ကမ္ဘာကြီးတစ်ခုလုံးမင်းနဲ့ငါ
ပျော်နေဆဲ မျှော်နေမြဲ
နှစ်ယောက်တည်း..
ဟိုတုန်းကအတိတ်ဟောင်းကို
ပြန်ပြီးတော့သိပ်လွမ်းသလို
မင်းမတူတာလေး
မင်းအမူအရာလေး
ပြန်မြင်လိုက်ရင်
ဘာကြောင့်များငါလွမ်းဆွေးနေ
ငါ့ရင်မှာလေ
အရင်အတိုင်းပဲမမေ့
အချစ်တွေဟာလေ
မကုန်ဆုံးသေးသရွေ့
ငါတို့နှစ်ဦး...
မဆုံနိုင်လမ်းဝေးလည်း
အထက်ကောင်းကင်ထဲမင်းနဲ့ငါ
အတူတူဆုံဆည်းပျော်မြူးရင်းနဲ့သာ
ပျော်နေဆဲ မျှော်နေမြဲ
နှစ်ယောက်တည်း
ရှည်လျားအိပ်မက်တစ်ခုတည်းမှာ
အတူ ကမ္ဘာကြီးတစ်ခုလုံးမင်းနဲ့ငါ
ပျော်နေဆဲ မျှော်နေမြဲ
နှစ်ယောက်တည်း..