အချစ်အတွက် တဖန်မွေးဖွားခြင်း
နီနီခင်ဇော်
နေမင်းရဲ့ အလင်းရောင်ခြည်လည်း
မနေ့ကနဲ့မတူ
မနေ့ကလို မပူတော့ပြီ
အားသစ် အင်သစ်တွေ
ဆောင်ကြည်းပေးခဲ့လို့
ငါသည်
အချစ်အတွက်တဖန်
မွေးဖွားခဲ့ပြီ
ဌက်ကျေးရဲ့ သီချင်းသံတွေလည်း
မနေ့ကနဲ့မတူ
မနေ့ကလို မဆူတော့ပြီ
အတွေးသစ် အမြင်သစ်တွေ
ဆောင်ကြည်းပေးခဲ့လို့
ငါသည်
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ
မျှော်လင့်ခြင်းတွေရင်မှာ
ပြန်ရှင်သန်လာ
မာန်မာနတွေ ရင်မှာ
ပြန်ခိုင်မာလာ
ဒီဘဝကို အရှုံးမပေးတော့ဘူးလို့
ငါ့ နှလုံးသားတချက်ခုန်လိုက်တိုင်းလည်း
မနေ့ကနဲ့ကွာ
မနေ့ကလို မနာတော့ပြီ
သူ့မျက်နှာခဏ မြင်လိုက်ကတည်းစပြီး
ငါသည်
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ
မျှော်လင့်ခြင်းတွေရင်မှာ
ပြန်ရှင်သန်လာ
မာန်မာနတွေ ရင်မှာ
ပြန်ခိုင်မာ
ဒီဘဝကို အရှုံးမပေးတော့ဘူးလို့
ငါ့ နှလုံးသားတချက်ခုန်လိုက်တိုင်းလည်း
မနေ့ကနဲ့ကွာ
မနေ့ကလို မနာတော့ပြီ
သူ့မျက်နှာခဏ မြင်လိုက်ကတည်းစပြီး
ငါသည်
အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ
သူ့မျက်နှာ ခဏ မြင်လိုက်ကစပြီး
ငါသည် အချစ်အတွက် တဖန်မွေးဖွားခဲ့ပြီ