menu-iconlogo
huatong
huatong
avatar

လောကဓမ္မတာ

ပိုင်သက်ကျော်huatong
sandpovertonhuatong
Тексты
Записи
လောကဓမ္မတာ

️ပိုင်သက်ကျော်

ဟိုး.. ဟိုအဝေးကစီးဆင်းလာတဲ့ရေ

တစ်သွင်သွင်ရယ်စီး

ခရီးနှင်ခဲ့အမြင့်အရပ်ဆီမှနေ

အနိမ့်အရပ်သို့အမြဲစီးနေတာ

သြော်..ဒါလောကသဘာဝမဟုတ်လားလေ

အရှေ့ကျွန်းမှ

ထွန်းလင်းသစ်စနေမင်းပမာပေ

တို့ဖေဖေခွန်အားတွေအပြည့်

တို့ငယ်ငယ် ကလေးအရွယ်တုန်းကလေ

လိုချင်တာကိုပူဆာလို့လေ

အဖေ့ရင်ခွင်ခေါင်းဝင်ဝှေ့တော့

စားချင်တာလေးဝယ်ကျွေးခဲ့ပေ

ဝတ်ချင်တာလေးဆင်ပေးခဲ့ပေ

အဖေ အမေ

သားလိုရာအသင့်ဖြည့်ဆည်းလို့

အလိုလိုက်လို့အကြိုက်ဆောင်ကာလေ

သြော် ဒါလောကသဘာဝမဟုတ်လားလေ

အို.. နေညိုပြီနေလည်းစောင်းပြီလေ

နေညိုနေပြီ အားငယ်

အဖေအိုနေပြီသားရယ်

နေညိ်ုနေပြီအားငယ်

အမေအိုနေပြီသားရယ်

စကားမဆိုရှာပေမယ့်လေ

ဇရာထောင်းတဲ့မိဘအိုတွေ

တစ်လှည့်တစ်ပြန်ကျွေးမယ်ကြံတော့

သီးပွင့်ခက်ဖြာ

သားစာသမီးစာတစ်နေ့ဝန်တာ

လောက်ငှဖို့အရေး

ထောက်ဆကာတွေးရင်လေးရပေ

အဖေ အမေ

ရင်၌ခံစားသားတောင်းပန်ပါရစေ

သားသမီးများအတွက်

မိဘနှစ်ဦးကလိုရာပြည့်စေ

စားချင်တာလေးဝယ်ကျွေးခဲ့ပေ

ဝတ်ချင်တာလေးဆင်ပေးခဲ့ပေ

မိဘနှစ်ဦးအတွက်တော့

သားသမီးအများကတာဝန်မကြေ

စုန်ရေ စုန်ရေ စုန်ရေ

သြော် ဒါလောကသဘာဝမဟုတ်လားလေ

အို.. နေညိုပြီနေလည်းစောင်းပြီလေ

နေညိုနေပြီ အားငယ်

အဖေအိုနေပြီသားရယ်

နေည်ိုနေပြီအားငယ်

အမေအိုနေပြီသားရယ်

စကားမဆိုရှာပေမယ့်လေ

ဇရာထောင်းတဲ့မိဘအိုတွေ

တစ်လှည့်တစ်ပြန်ကျွေးမယ်ကြံတော့

သီးပွင့်ခက်ဖြာ

သားစာသမီးစာတစ်နေ့ဝန်တာ

လောက်ငှဖို့အရေး

ထောက်ဆကာတွေးရင်လေးရပေ

အဖေ အမေ

ရင်၌ခံစားသားတောင်းပန်ပါရစေ

သားသမီးများအတွက်

မိဘနှစ်ဦးကလိုရာပြည့်စေ

စားချင်တာလေးဝယ်ကျွေးခဲ့ပေ

ဝတ်ချင်တာလေးဆင်ပေးခဲ့ပေ

မိဘနှစ်ဦးအတွက်တော့

သားသမီးအများကတာဝန်မကြေ

စုန်ရေ စုန်ရေ စုန်ရေ

သြော်..ဒါလောကသဘာဝမဟုတ်လားလေ

Еще от ပိုင်သက်ကျော်

Смотреть всеlogo
လောကဓမ္မတာ от ပိုင်သက်ကျော် - Тексты & Каверы