menu-iconlogo
huatong
huatong
--cover-image

ချစ်ဖူးခဲ့သမျှ

ပိုပိုhuatong
ryanearlwesleydunnhuatong
Тексты
Записи
ချစ်ဖူးခဲ့သမျှ

ငါထားခဲ့ ပြီမဟုတ်လား

နင်မေ့လိုက်ပါတော့ကွာ

သတိရမယ့် အကြောင်းတွေကို

နင်ပြန်မတွေးနဲ့

အရင်တိုင်းပဲလား မမေ့သေးဘူးလား

ငါတောင် ချစ်ရက်နဲ့ မုန်းပစ်ခဲ့တာ

မြတ်နိုးခဲ့သမျှ ချစ်ဖူးခဲ့သမျှ

ကြာရင်မင်းတစ်ယောက် မေ့နိုင်သွားမှာ

အချစ်က အရေးမကြီးမှန်းကို

နင်တစ်နေ့နေ့တော့ နားလည်မှာပါ...

မင်းလေးထားပြစ်ခဲ့တာ

ငါတကယ်မယုံနိုင်သေး

ရက်စက်လိုက်တာ ပြောမထွက်ခဲ့ပါ

ဘာကြောင့်မုန်းသွားလဲ မသိနိုင်သေးပါ

မနေ့တစ်နေ့ကလို အဖြစ်မျိုးနဲ့

ခြောက်လန့်ဆဲ မင်းပုံရိပ်များ

ချစ်ဖူခဲ့သမျှ နောင်တမရပါ

တစ်နေ့နေ့တော့ မင်းပြန်လာပါ

တို့ဝေးခဲ့ပြီ မဟုတ်လား

နင်မေ့လိုက်ပါတော့ကွာ

အတားအဆီးများခြားနေတယ်

ဒီကမ္ဘာကြီးက

နံရံတံတိုင်းများခြား ကာဆီးလို့ထား

ကံကြမ္မာက ဘဝ ဇတ်ဆရာတဲ့လား

ငါမုန်းတတ်ဖို့ ငါမေ့တတ်ဖို့

သေအောင်ကြိုးစား ရင်းနီးခဲ့တာ

မင်းအတွက် မဟုတ်တဲ့ ငါ့ကိုနင်

တစ်နေ့နေ့တော့ မေ့နိင်မှာပါ...

မင်းမရှိတော့တဲ့နေ့တွေ

ငါလေ မနေတတ်သေး

သတိရမိတာ မင်းရဲ့အနမ်းပါ

ပုံမှန်မဟုတ်တော့တဲ့ ငါ့ရဲ့အတွေးများ

စိတ္တဇညတွေ ကုန်ဆုံးဖို့

တစ်နေ့နေ့တော့ ပြန်လာပေးပါ

မျှော်လင့်ချက်များ ငါအသက်ရှိသမျှ

မင်းပဲ ဖြစ်နေမှာပါ....

မင်းမရှိတော့တဲ့နေ့တွေ

ငါလေ မနေတတ်သေး

အရင်တိုင်းပဲလား မမေ့သေးဘူးလား

ငါတောင် ချစ်ရက်နဲ့ မုန်းပစ်ခဲ့တာ

မြတ်နိုးခဲ့သမျှ ချစ်ဖူးခဲ့သမျှ

ကြာရင်မင်းတစ်ယောက် မေ့နိုင်သွားမှာ

ချစ်ဖူခဲ့သမျှ နောင်တမရပါ

တစ်နေ့နေ့တော့ မင်းပြန်လာပါ

ကျေးဇူးတင်ပါတယ်

Еще от ပိုပို

Смотреть всеlogo