သံစဉ်တေးလေးတွေ
ရင်ထဲရှိသမျှဖွင့်ဆိုမယ်
တစ်နယ်စီဝေး
ကမ္ဘာကြီးခြားသလို
တို့နှစ်ယောက်မှာ
ပြန်တွေ့လို့ဆုံစည်းစရာ
မျှော်လင့်ကြည့်ရင်
ချစ်ကြမ္မာကံကျိုးအလွန်နည်းတာ
ပန်းရွှေဝါပိတောက်တွေ
အတူတူနေခဲ့ရက်ကို
သတိရပြန်ပေါ်လာ
အခုတော့တို့တစ်ယောက်တည်းပါ
လွမ်းရင်းငေးကျန်ခဲ့တာ
အောင့်မေ့သတိရ
ချစ်တေးလက်ဆောင်
မောင့်ဆီရောက်အောင်ပို့ချင်တာ
အချိန်ရမှနားထောင်ပါ
လွမ်းသံတေးကဗျာရင်ထဲမှာ
လှိုင်းကလေးလွင့်လာရင်
အတိတ်ကိုပြန်လို့မြင်မှာ
အချစ်ရေ ဒါပဲ....ကွယ်
မခေါ်သာဘဝချင်းဝေးလို့
တို့နှစ်ယောက်အသည်းမှာမဆုံ
ပုံနှိုင်းရရင်
ကြိုးပြတ်သွားလေတဲ့
ပုလဲလုံးလေးတွေလို
အခုတော့တို့တစ်ယောက်တည်းပါ
လွမ်းရင်းငေးကျန်ခဲ့တာ
အောင့်မေ့သတိရ
ချစ်တေးလက်ဆောင်
မောင့်ဆီရောက်အောင်ပို့ချင်တာ
အချိန်ရမှနားထောင်ပါ
သံစဉ်တေးလေးတွေ
ရင်ထဲရှိသမျှဖွင့်ဆိုမယ်
တစ်နယ်စီဝေး
ကမ္ဘာကြီးခြားသလို
တို့နှစ်ယောက်မှာ
ပြန်တွေ့လို့ဆုံစည်းစရာ
မျှော်လင့်ကြည့်ရင်
ချစ်ကြမ္မာကံကျိုး
အလွန်နည်းတာ
ပန်းရွှေဝါပိတောက်တွေ
အတူတူနေခဲ့ရက်ကို
သတိရပြန်ပေါ်လာ
အခုတော့တို့
တစ်ယောက်တည်းပါ
လွမ်းရင်းငေးကျန်ခဲ့တာ
အောင့်မေ့သတိရ
ချစ်တေးလက်ဆောင်
မောင့်ဆီရောက်အောင်ပို့ချင်တာ
အချိန်ရမှနား ထောင်ပါ
လွမ်းသံတေးကဗျာရင်ထဲမှာ
လှိုင်းကလေးလွင့်လာရင်
အတိတ်ကိုပြန်လို့မြင်မှာ
အချစ်ရေ ဒါပဲ.ကွယ်
မခေါ်သာဘဝချင်းဝေးလို့
တို့နှစ်ယောက်အသည်းမှာမဆုံ
ပုံနှိုင်းရရင်
ကြိုးပြတ်သွားလေတဲ့
ပုလဲလုံးလေးတွေလို
အခုတော့တို့
တစ်ယောက်တည်းပါ
လွမ်းရင်းငေးကျန်ခဲ့တာ
အောင့်မေ့သတိရ
ချစ်တေးလက်ဆောင်
မောင့်ဆီရောက်အောင်ပို့ချင်တာ
အချိန်ရမှ နားထောင်ပါ