ဆံကေသာတချက်ခါလိုက်တိုင်း
ဒီရင်ကိုတချက်လာရိုက်ခက်
လေမုန်းတိုင်းမွေ့သလိုပါဘဲ
မိန်းမချောလေးရယ်
ကိုလေကံကောင်းလား
ကိုလေကံဆိုးလား ရင်မှာလေ
တကယ်ဝေခွဲမရတယ်
ဘယ်ညာအမြန်လျှောက်နေရချိန်
ကြင်နာသူလိုက်နိုင်ပါ့မလား
ကြိုတင်ကာစိုးရိမ်စိတ်ထား
သနားမိတယ်စိုနေတဲ့ချွေးလေး
အသာတကြည်လေသုတ်ပေး
ဘာကြောင့်များကူညီခွင့်မရလဲ
ဖောင်ကြီးမှာမှ ဆုံရတယ်လို့်
ဘယ်လိုရေစက်လဲမသိဘူး
မင်းကောသိလား
ပင်ပန်းပေမယ့်လသာညလေး
ကိုလေ၀င်အိပ်မှ နှမြောလှပေါ့ကွယ်
အိပ်မက်မှမနိုးချင်လည်းလေ
အချိန်တန်တော့မိုးရယ်လင်းမယ်
ဘ၀စစ်ကနှယောက်ဆိုအထင်သေး
ရှုံ့ချကြမယ်
ကိုလေရှေ့တိုးမလား
ကိုလေပြန်ဆုတ်မလား
ဒီအချိန်ထိ ရင်မှာဒွိဟပဲ
ဆံကေသာတချက်ခါလိုက်တိုင်း
ဒီရင်ကိုတချက်လာရိုက်ခက်
လေမုန်းတိုင်းမွေ့သလိုပါဘဲ
မိန်းမခချောလေးရယ်
ကိုလေကံကောင်းလား
ကိုလေကံဆိုးလား ရင်မှာလေ
တကယ်ဝေခွဲမရတယ်
ဘယ်ညာအမြန် လျှောက်နေရချိန်
ကြင်နာသူ လိုက်နိုင်ပါ့မလား
ကြိုတင်ကာစိုးရိမ်စိတ်ထား
သနားမိတယ်စိုနေတဲ့ချွေးလေး
အသာတကြည်လေသုတ်ပေး
ဘာကြောင့်များ ကူညီခွင့်မရလဲ
ဖောင်ကြီးမှာမှ ဆုံရတယ်လို့်
ဘယ်လိုရေစက်လဲမသိဘူး
မင်းကောသိလား
ပင်ပန်းပေမယ့်လသာညလေး
ကိုလေ၀င်အိပ်မှ နှမြောလှပေါ့ကွယ်
အိပ်မက်မှမနိုးချင်လည်းလေ
အချိန်တန်တော့မိုးရယ်လင်းမယ်
ဘ၀စစ်ကနှစ်ယောက်ဆိုအထင်သေး
ရှုံ့ချကြမယ်
ကိုလေရှေ့တိုးမလား
ကိုလေပြန်ဆုတ်မလား
ဒီအချိန်ထိ ရင်မှာဒွိဟပဲ
ကိုလေရှေ့တိုးမလား
ကိုလေပြန်ဆုတ်မလား
ဒီအချိန်ထိ ရင်မှာဒွိဟပဲ