တေးသီတဲ့ဆောင်း
မင်းအောင်
ⓛⓝⓣⓡⓞ 0 : 19
Uploader Aye Kyaw
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🥁 🎶 🎵
ဆောင်း နှင်းဝေဝေ
မြူမှုန်တွေ အေးအေးနဲ့
ရောက်ပြန်ပြီ ညချမ်းခါညီ
ဒီအချိန်ဒီအခါ ရောက်လေတိုင်း
တေးကဗျာတွေ ကိုယ်စီရင်မှာ
ပွင့်သီကာ ဝေဝေဆာဆာ
ပန်းပေါင်းအဖြာဖြာ အလှချင်းပြိုင်ကာ
တေးသံစဉ် ပန်းကိုမမှီပါ
ဆောင်း နှင်းဝေဝေ
မြူမှုန်တွေ အေးအေးနဲ့
ရောက်ပြန်ပြီ ညချမ်းခါညီ
ဒီအချိန်ဒီအခါ အော်ရောက်လေတိုင်း
တေးကဗျာတွေ ကိုယ်စီရင်မှာ
ပွင့်သီကာ ဝေဝေဆာဆာ
ပန်းပေါင်းအဖြာဖြာ အလှချင်းပြိုင်လာ
တေးသံစဉ် ပန်းကိုမမှီပါ
ရှင်တော်သခင် ဝေးနေဦး
ဆွေမွန်တွေ ရွှင်ပျော်မြူး
အိမ်တိုင်းကို သွားရောက်ခါရယ်
သတင်းကောင်းတော့ ပြောကြမယ်ဆွေ
ကယ်ချစ်ရှင် ကြွလာပြီလေ
ဝမ်းမြောက်ကာ ဆီးလို့ကြိုစေ
🎵 🎶 🥁 🎶 🎵့
ကယ်ချစ်ရှင် ကြွပါပြီလေ
ဝမ်းမြောက်ကာ ဆီးလို့ကြိုစေ
အိမ်တိုင်းကို သွားရောက်ခါရယ်
သတင်းကောင်းတော့ ပြောကြမယ်ဆွေ
နှုတ်ဆက်သံတွေ ဆူညံလို့နေ
ချီးကြူးသံတွေ ဝေဆာလို့နေ
သောကအဖြာဖြာ ငြိမ်းချမ်းစေမှာ
ဆောင်းညချိန်ခါ တို့တေးသံသာ
🎷SourceⓜⓤⓢⓘⓒInternet🎷
အပေါင်း အသင်းဆွေတွေ
ရန်ဘယာတွေ ကင်းဝေးလို့
ပြုံးပျော်ကာ ရွှင်လန်းပါစေ
ရှင်တော်သခင် မွေးနေ့တိုင်းမှာ
ဘဝကိုသာ ကျေပြွန်နိုင်စေ
စွမ်းဆောင်ကာ အောင်မြင်ပါစေ
သုခအထွေထွေ စိုးမိုးပါစေ
တေးသီကာ တို့ဆုမွန်ချွေ
ရှင်တော်သခင် ဝေးနေဦး
ဆွေမွန်တွေ ရွှင်ပျော်မြူး
အိမ်တိုင်းကို သွားရောက်ခါရယ်
သတင်းကောင်းတော့ ပြောကြမယ်ဆွေ
ကယ်ချစ်ရှင် ကြွလာပြီလေ
ဝမ်းမြောက်ကာ ဆီးလို့ကြိုစေ
🎵 🎶 🥁 🎶 🎵့
ကယ်ချစ်ရှင် ကြွလာပြီလေ
ဝမ်းမြောက်ကာ ဆီးလို့ကြိုစေ
အိမ်တိုင်းကို သွားရောက်ခါရယ်
သတင်းကောင်းတော့ ပြောကြမယ်ဆွေ
နှုတ်ဆက်သံတွေ ဆူညံလို့နေ
ချီးကြူးသံတွေ ဝေဆာလို့နေ
သောကအဖြာဖြာ ငြိမ်းချမ်းစေမှာ
ခရစ္စမတ်မင်္ဂလာ တို့တေးသံသာ
သောကအဖြာဖြာ ငြိမ်းချမ်းစေမှာ
ဆောင်းညချိန်ခါ တို့တေးသံသာ
သောကအဖြာဖြာ ငြိမ်းချမ်းစေမှာ
ခရစ္စမတ်မင်္ဂလာ တို့တေးသံသာ
သောကအဖြာဖြာ ငြိမ်းချမ်းစေမှာ
ဆောင်းညချိန်ခါ တို့တေးသံသာ
⭐ ⭐ ⭐ ⭐ ⭐
🎵 🎶 🥁 🎶 🎵့
By👦AyeKyaw🌿greentiger