menu-iconlogo
huatong
huatong
--cover-image

ပိုလာဘာလီ

မို့မို့/ဖြူသီhuatong
mkedplhuatong
Тексты
Записи
သီချင်း - ပိုလာဘာလီ

တေးဆို - မို့မို့ ၊ ဖြူသီ

အင်ဒိုနီးရှားပိုလာဘာလီကျွန်းလေးဝယ်

သူနဲ့လည်းတွေ့လို့ ချစ်ကြိုးသွယ်

လစန္ဒာလင်းကာဖြာတဲ့ ညချမ်းဝယ်

တောင်ပစိဖိတ်ရဲ့အဏ္ဏဝါအလယ်

ကတိစကားတိုင်တည်အတူတူထားလို့ရယ်

ဒီကမ္ဘာသုဉ်းဆုံးသည့်တိုင်ချစ်မယ်

ချစ်စေတနာရွှန်းဝေဖြာတဲ့ ဒီကျွန်းဝယ်

ကိုယ့်အသည်းချစ်ဗိမာန်ကလေးတည်

ချစ်ဖူးခဲ့ပါသော်လည်း

အခုအချစ်ကို နည်းနည်းမှမမှီတယ်

အနမ်းလေးတွေ ခြွေလေတိုင်း

ဟိုတုန်းနဲ့မတူပဲ

အသည်းကတလှပ်လှပ်ကွယ်

ချစ်ဖူးခဲ့ပါသော်လည်း

အခုအချစ်ကိုနည်းနည်းမှမမှီတယ်

အနမ်းလေးတွေခြွေလေတိုင်း

ဟိုတုန်းနဲ့မတူပဲ

အသည်းကတလှပ်လှပ်ကွယ်

အင်ဒိုနီးရှားပိုလာဘာလီကျွန်းလေးဝယ်

သူနဲ့လည်းတွေ့လို့ချစ်ကြိုးသွယ်

လစန္ဒာလင်းကာဖြာတဲ့ ညချမ်းဝယ်

တောင်ပစိဖိတ်ရဲ့အဏ္ဏဝါအလယ်

ကတိစကားတိုင်တည်အတူတူထားလို့ရယ်

ဒီကမ္ဘာသုဉ်းဆုံးသည့်တိုင်ချစ်မယ်

ချစ်စေတနာရွှန်းဝေဖြာတဲ့ ဒီကျွန်းဝယ်

ကိုယ့်အသည်းချစ်ဗိမာန်ကလေးတည်

အင်ဒိုနီးရှားပိုလာဘာလီကျွန်းမှကွယ်

ပင်လယ်ကြီးဖြတ်လို့ကိုယ်သွားမယ်

သို့သော်ကွယ်ချစ်သူမောင်ရှိရာကျွန်းကို

တစ်ခါထပ်ပြီးဆက်ဆက်ပြန်ခဲ့မယ်

Еще от မို့မို့/ဖြူသီ

Смотреть всеlogo