အချစ်စစ်ရဲ့တန်ဖိုး
မနော
တေးရေး သဟာအောင်
သမုဒ္ဒရာကြီးက ပြောတယ်
ရေပြင်ကျယ်ဟာ သူ့ရဲ့အဖော်ပဲ
တောင်တန်းကြီးက ပြောတယ်
စမ်းချောင်းလေးတွေကို ချစ်တယ်
ကောင်းကင်ကြီးက ပြောတယ်
တိမ်ရောင်စုံဟာ သူ့ရဲ့အဖော်ပဲ
ကြယ်ကလေးများကပြောတယ်
လမင်းမရှိရင် ငိုချင်တယ်
ထာဝရကိုယ့်ရင်ခွင်မှာ မင်းလေးနေပါ
ကိုယ်ဟာမင်းရဲ့ အမြဲတမ်းပဲအဖေါ်မွန်ပါ
မြတ်နိုးလွန်းလို့ချစ်တာ
တန်ဖိုးထားပြီးချစ်တာ
ယုံကြည်ပါ နောက်ဆုံးတစ်နေ့ထိ
လက်တွဲမဖြုတ်ဘူး မင်းအနားနေမှာပါ
အဆိုးအကောင်းတွေ တိုးလို့ထပ်တူ
ခံစားမျှဝေသွားမှာ အရာရာပေးဆပ်ကာ
အသည်းကို နှင်းအပ်လို့ထားတာ
ထာဝရအဖေါ်ဆိုတာ
အချစ်စစ်ရဲ့ တန်ဖိုးတစ်ခုပါ
သမုဒ္ဒရာကြီးက ပြောတယ်
ရေပြင်ကျယ်ဟာ သူ့ရဲ့အဖော်ပဲ
တောင်တန်းကြီးက ပြောတယ်
စမ်းချောင်းလေးတွေကို ချစ်တယ်
ကောင်းကင်ကြီးက ပြောတယ်
တိမ်ရောင်စုံဟာ သူ့ရဲ့အဖော်ပဲ
ကြယ်ကလေးများကပြောတယ်
လမင်းမရှိရင် ငိုချင်တယ်
ထာဝရကိုယ့်ရင်ခွင်မှာ မင်းလေးနေပါ
ကိုယ်ဟာမင်းရဲ့ အမြဲတမ်းပဲအဖေါ်မွန်ပါ
မြတ်နိုးလွန်းလို့ချစ်တာ
တန်ဖိုးထားပြီးချစ်တာ
ယုံကြည်ပါ နောက်ဆုံးတစ်နေ့ထိ
လက်တွဲမဖြုတ်ဘူး မင်းအနားနေမှာပါ
အဆိုးအကောင်းတွေ တိုးလို့ထပ်တူ
ခံစားမျှဝေသွားမှာ အရာရာပေးဆပ်ကာ
အသည်းကို နှင်းအပ်လို့ထားတာ
ထာဝရအဖေါ်ဆိုတာ
အချစ်စစ်ရဲ့ တန်ဖိုးတစ်ခုပါ
ထာဝရကိုယ့်ရင်ခွင်မှာ မင်းလေးနေပါ
ကိုယ်ဟာမင်းရဲ့ အမြဲတမ်းပဲအဖေါ်မွန်ပါ
မြတ်နိုးလွန်းလို့ချစ်တာ
တန်ဖိုးထားပြီးချစ်တာ
ယုံကြည်ပါ နောက်ဆုံးတစ်နေ့ထိ
လက်တွဲမဖြုတ်ဘူး မင်းအနားနေမှာပါ
အဆိုးအကောင်းတွေ တိုးလို့ထပ်တူ
ခံစားမျှဝေသွားမှာ အရာရာပေးဆပ်ကာ
အသည်းကို နှင်းအပ်လို့ထားတာ
ထာဝရအဖေါ်ဆိုတာ
အချစ်စစ်ရဲ့ တန်ဖိုးတစ်ခုပါ