menu-iconlogo
huatong
huatong
avatar

အိပ်ဖန်​စောင့်

မျိုးကြီးhuatong
ThuraAung84huatong
Тексты
Записи
အိပ်ဖန်စောင့်

မောင်မောင်ဇော်လတ်

အိပ်မက် မက်တိုင်းမှာ ခမ်းနားတဲ့ နန်းတော်ကြီးဆီ ရောက်လို့သွား

ဆန်းပြားတဲ့ တေးသံများရဲ့ကြား မင်းသမီးလေးအား ဖူးမြော်ခွင့်ရ

ပြောပေးပါ ဂစ်တာ မင်းကလဟာ ငါ့ရဲ့ မိုနာလီဇာ

တော်ဝင်သီချင်းနဲ့ ငါရောက်လာ အခါမလင့်ခင် ဆက်သ

ဒဏ္ဍာရီည

မင်းအမိန့်နဲ့ အပါးတော်က ခစား

ငါ့ရဲ့သီချင်းနဲ့ မှေးစက်ကာထား

လရိပ်မှာ ချော့သိပ် အိပ်တော့မလာ။

ချစ်သူ စောင့်စား

အရုဏ်မိုးသောက်ယံထိအောင် မင်းရဲ့ခြေရင်း

ငါလေ အိပ်စက်ခြင်းတွေ စောင့်ရှောက်ပေးမယ် တေးဖွဲ့ရင်း

ယူဆောင် နှင်းအပ်မယ့် ငါ့ချစ်ခြင်းတွေ မပြီးဆုံးဘူးဟေ့

နတ်မိမယ်လေး နားဆင်ရင်း သာယာပျော်ရွှင်နိုင်ပါစေ

နက္ခတ်တွေဝိုင်းဖွဲ့ မင်းစက်ရာ ပန်းဆောင်ထက်မှာ စိမ်းပြာလဲ့

ပိုးသား ဇာဝတ်ရုံ လွှမ်းခြံတဲ့ မင်းသမီးငယ်ရဲ့ ကေအမှုတော်ထမ်းရွက်

ပန်းနုရောင် ပါးပြင်ထက် အစိမ်းသက်သက် တိမ်းမူးခဲ့တာ ရူးပြီကွယ်

ရွှေသားအတိပြီးတဲ့ အိပ်မက်များ ​ပျောက်ရှမယ်လို့ ငါ့စိတ်မှာစိုး ဒါ...ဆိုး

ဒဏ္ဍာရီည

မင်းအမိန့်နဲ့ အပါးတော်က ခစား

ငါ့ရဲ့သီချင်းနဲ့ မှေးစက်ကာထား

လရိပ်မှာ ချော့သိပ် အိပ်တော့မလာ။

ချစ်သူ စောင့်စား

အရုဏ်မိုးသောက်ယံထိအောင် မင်းရဲ့ခြေရင်း

ငါလေ အိပ်စက်ခြင်းတွေ စောင့်ရှောက်ပေးမယ် တေးဖွဲ့ရင်း

ယူဆောင် နှင်းအပ်မယ့် ငါ့ချစ်ခြင်းတွေ မပြီးဆုံးဘူးဟေ့

နတ်မိမယ်လေး နားဆင်ရင်း သာယာပျော်ရွှင်နိုင်ပါစေ

SixStringSolo xxxxxxxxxxxxxxxxxxxxx

အရုဏ်မိုးသောက်ယံထိအောင် မင်းရဲ့ခြေရင်း

ငါလေ အိပ်စက်ခြင်းတွေ စောင့်ရှောက်ပေးမယ် တေးဖွဲ့ရင်း

ယူဆောင် နှင်းအပ်မယ့် ငါ့ချစ်ခြင်းတွေ မပြီးဆုံးဘူးဟေ့

နတ်မိမယ်လေး အိမ်မက်ရင်း အမြဲတမ်းဘဲ မင်း​ပျော်ပါစေ

သာယာပျော်ရွှင်နိုင်ပါစေ

နယ်မိမယ်လေး ငါ ဆက်ပြီး

ပြန်ဆုံမယ် အိပ်မက်များထဲ ပြန်ဆုံမယ် အိပ်မက်များထဲ

Еще от မျိုးကြီး

Смотреть всеlogo