မန်းတောင်ရိပ်ခို
တေးရေး မြို့မငြိမ်း
တေးဆို ရင်ဂို
ချိုပြုံးရွှင်သော နှမပျိုငယ်
တစ်ကိုယ်လုံး ပင်ချော အလှပိုတယ်
မြို့မနဲ့တစ်မိတည်း ဖွားလို့
ဆိုတော့မယ်ကွယ်
ချိုပြုံးရွှင်သော နှမပျိုငယ်
တစ်ကိုယ်လုံး ပင်ချော အလှပိုတယ်
မြို့မနဲ့တစ်မိတည်း ဖွားလို့
ဆိုတော့မယ်ကွယ်
အမောက်ကလေးတသသနဲ့
မြှောက်လို့ပေးတာမဟုတ်ဘူးကွယ်
အမောက်ကလေးတသသနဲ့
မြှောက်လို့ပေးတာမဟုတ်ဘူးကွယ်
ယဉ်စစနဲ့ မြင်လိုက်ရတာ
အဝတ်အစားမှာလည်း
အလွန်တင့်တယ်
ယဉ်စစနဲ့ မြင်လိုက်ရတာ
အဝတ်အစားမှာလည်း
အလွန်တင့်တယ်
ထွန်းသစ်စ လရောင်ဝယ်
ခိုင်ညှာတံ ပွင့်လန်း ပန်းသို့နှယ်
ထွန်းသစ်စ လရောင်ဝယ်
ခိုင်ညှာတံ ပွင့်လန်း ပန်းသို့နှယ်
ရိုးရိုး သားသားနဲ့
ကျုပ်တို့မြို့မက ကျေနပ်တယ်
မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့
ရွှေမန်းတောင်ရိပ်
တူတူခိုမယ် ပျိုဖြူတွေရယ်
မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့
ရွှေမန်းတောင်ရိပ်
တူတူခိုမယ် ပျိုဖြူတွေရယ်
ပျော်ခင်းလေး သာပါဘိတယ်
နိမိတ် ကောင်းယူမယ်
နှစ်ဦးသင်္ကြန်တော်ဝယ်
ခါးသေးနွဲ့မူယာကြွယ်
လှဂုဏ်ဝင့်ထည်
မာလာနွယ် ခိုင်ညှာရယ်
တစ်ယောက်ဆို တစ်ယောက်လို့
အောက်မေ့တယ်
ခင့်မြို့မလာပြီကွယ် ဆီးကြိုလို့ရယ်
မောင်နှမအရင်းနှယ်
ခင်မင်ရှက်သွေး ကြွမိတယ်
ခါးသေးနွဲ့မူယာကြွယ်
လှဂုဏ်ဝင့်ထည်
မာလာနွယ် ခိုင်ညှာရယ်
တစ်ယောက်ဆို တစ်ယောက်လို့
အောက်မေ့တယ်
ခင့်မြို့မလာပြီကွယ် ဆီးကြိုလို့ရယ်
မောင်နှမအရင်းနှယ်
ခင်မင်ရှက်သွေး ကြွမိတယ်
ဇာတိမျက်ခြယ်
ကျန်းမာပါစသက်လယ်
ဪ လောင်းပါလေတယ်
ဟင် ပက်လိုက်တော့ကွယ်
ဇာတိမျက်ခြယ်
ကျန်းမာပါစသက်လယ်
ဪ လောင်းပါလေတယ်
ဟင် ပက်လိုက်တော့ကွယ်
နှစ်ကူးတော့မယ် ခင်ခင်ရယ်
လိုက်ခဲ့ပါလား အပျင်းတော့ပြေမယ်
မောင်တို့လာချေပေါ့ကွယ်
ကညာမေချောရယ်
ငွေငန်းထွက်ကာလည်
မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့
ရွှေမန်းတောင်ရိပ်
တူတူခိုမယ် ပျိုဖြူတွေရယ်
မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့
ရွှေမန်းတောင်ရိပ်
တူတူခိုမယ် ပျိုဖြူတွေရယ်
ပျော်ခင်းလေး သာပါဘိတယ်
နိမိတ် ကောင်းယူမယ်
နှစ်ဦးသင်္ကြန်တော်ဝယ်
ခါးသေးနွဲ့မူယာကြွယ်
လှဂုဏ်ဝင့်ထည်
မာလာနွယ် ခိုင်ညှာရယ်
တစ်ယောက်ဆို တစ်ယောက်လို့
အောက်မေ့တယ်
ခင့်မြို့မလာပြီကွယ် ဆီးကြိုလို့ရယ်
မောင်နှမအရင်းနှယ်
ခင်မင်ရှက်သွေး ကြွမိတယ်
ခါးသေးနွဲ့မူယာကြွယ်
လှဂုဏ်ဝင့်ထည်
မာလာနွယ် ခိုင်ညှာရယ်
တစ်ယောက်ဆို တစ်ယောက်လို့
အောက်မေ့တယ်
ခင့်မြို့မလာပြီကွယ် ဆီးကြိုလို့ရယ်
မောင်နှမအရင်းနှယ်
ခင်မင်ရှက်သွေး ကြွမိတယ်
ဇာတိမျက်ခြယ်
ကျန်းမာပါစသက်လယ်
ဪ လောင်းပါလေတယ်
ဟင် ပက်လိုက်တော့ကွယ်
ဇာတိမျက်ခြယ်
ကျန်းမာပါစသက်လယ်
ဪ လောင်းပါလေတယ်
ဟင် ပက်လိုက်တော့ကွယ်
နှစ်ကူးတော့မယ် ခင်ခင်ရယ်
လိုက်ခဲ့ပါလား အပျင်းတော့ပြေမယ်
မောင်တို့လာချေပေါ့ကွယ်
ကညာမေချောရယ်
ငွေငန်းထွက်ကာလည်
မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့
ရွှေမန်းတောင်ရိပ်
တူတူခိုမယ် ပျိုဖြူတွေရယ်
မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတော့
ရွှေမန်းတောင်ရိပ်
တူတူခိုမယ် ပျိုဖြူတွေရယ်
ပျော်ခင်းလေး သာပါဘိတယ်
နိမိတ် ကောင်းယူမယ်
နှစ်ဦးသင်္ကြန်တော်ဝယ်
Smule မှ ကူးယူပြီး
StarMaker မှာပြန်လည်၍
ထပ်ဆင့်မျှဝေပါသည်
မူရင်းသက်ဆိုင်သူအားလုံးကို
Credits ပေးပါ၏
ကျေးဇူးတင်ပါသည်