menu-iconlogo
huatong
huatong
avatar

ချစ်တာတစ်ခုတည်းသိတယ်

လႊမ္းမိုးhuatong
oneshycowb2001huatong
Тексты
Записи
သီချင်း - ချစ်တာတစ်ခုတည်းသိတယ်

တေးဆို - ဆောင်းဦးလှိုင် + စည်သူလွင် + အဲလက်စ်

ဘာကြောင့်လဲ ဘာအတွက်လဲ

ကိုယ်ကချစ်နေမိတာ

မေးရန်လွယ်ပေမယ့် အဖြေခက်

သိသလို မသိသလိုပါပဲ

ပန်ချင်သူမရှိလည်း

အချိန်တန်ရင် ပန်းကတော့ပွင့်နေမှာပဲ

အပိုတွေကိုမဆိုတတ်ဘူး

သာမန်လူတစ်ယောက်မို့လေ

တကယ်ပါမေရယ်

ကိုယ်ကတော့ချစ်တာတစ်ခုတည်းသိတယ်

ဘယ်လောက်လဲ ဘယ်အထိလဲ

ကိုယ်ကချစ်နေရတာ

မေးရန်လွယ်ပေမယ့် အဖြေခက်

သိသလို မသိသလိုပါပဲ

ပင်လယ်ဘယ်လောက်ကြီးကြီး

အိုင်ငယ်ဘယ်လောက်သေးသေး

ရေ ရေချင်းတော့အတူတူ

အပိုတွေကိုမဆိုတတ်ဘူး

သာမန်လူတစ်ယောက်မို့လေ

တကယ်ပါမေရယ်

ကိုယ်ကတော့ချစ်တာတစ်ခုတည်းသိတယ်

ဘယ်ကစမလဲ ဘယ်မှာဆုံးမလဲ

ကိုယ်ကချစ်နေရတာ

မေးရန်လွယ်ပေမယ့် အဖြေခက်

သိသလို မသိသလိုပါပဲ

နေရာဟာ မတည်ငြိမ်ခြင်း

အချိန်ဆိုတာ မတည်မြဲခြင်းလို့

ယူဆကြရင်

အပိုတွေကို မဆိုတတ်ဘူး

သာမန်လူတစ်ယောက်မို့လေ

တကယ်ပါမေရယ်

ကိုယ်ကတော့ချစ်တာတစ်ခုတည်းသိတယ်

ဘယ်ကစမလဲ ဘယ်မှာဆုံးမလဲ

ကိုယ်ကချစ်နေမိတာ

မေးရန်လွယ်ပေမယ့် အဖြေခက်

သိသလို မသိသလိုပါပဲ

နေရာဟာ မတည်ငြိမ်ခြင်း

အချိန်ဆိုတာ မတည်မြဲခြင်းလို့

ယူဆကြရင်

အပိုတွေကိုမဆိုတတ်ဘူး

သာမန်လူတစ်ယောက်မို့လေ

တကယ်ပါမေရယ်

ကိုယ်ကတော့ ချစ်တာတစ်ခုတည်းသိတယ်

ကိုယ်ကတော့ ချစ်တာတစ်ခုတည်းသိတယ်

ချစ်တာတစ်ခုတည်း သိတယ်

တကယ်ပါမေရယ်

ကိုယ်ကတော့ ချစ်တာတစ်ခုတည်းသိတယ်

ရေး .. ဟား ..

ချစ်တာတစ်ခုတည်းသိတယ်

ကိုယ်ကတော့ ချစ်တာတစ်ခုတည်း

Еще от လႊမ္းမိုး

Смотреть всеlogo
ချစ်တာတစ်ခုတည်းသိတယ် от လႊမ္းမိုး - Тексты & Каверы