menu-iconlogo
huatong
huatong
avatar

လက်ခံပြီးသား(Male Key) Piano Version

ဝိုင်းလေးhuatong
richard_narainehuatong
Тексты
Записи
အချစ်ရဲ့ တန်ဖိုးလည်း

ဘယ်လိုသတ်မှတ်ထားတာလဲ

ကိုယ်တိုင်နားလည်ထားတဲ့ အချစ်နဲ့

လက်တွေ့ဘဝဟာ တခြားစီ

အသိုင်းအဝိုင်းတွေ ကြားထဲ

မတူညီတဲ့ အချိုးအကွေ့တွေထဲ

တကယ်ဆို အချစ်ဟာဘာလဲ

သက်ရောက်မှု မရှိဘဲ

ယုံကြည်နားလည်မှု

အပြန်အလှန်ပေးထားခဲ့ပြီးမှ

ဘာလို့ဝေးဖို့အကြောင်းတွေ

မပြောပါနဲ့ကွာ အစက ကြိုသိထား

အကြင်နာမှန်ရင် တစ်ချိန်မှာ

ရင်ခုန်သံတွေ နီးခွင့်ရမှာပါ

ပူလောင်နာကျင်စရာတွေ

အချစ်မှာရှိပြီးသား

အတူနေချိန်တွေ

ကုန်ဆုံးသွားမယ့်တစ်နေ့

အပြုံးမပျက်ပါနဲ့ ချစ်သူဆိုတာ

ချစ်တိုင်းလည်းမညားတာ

ငါလက်ခံပြီးသား

အမှတ်တရတွေများလည်း

ဘယ်လိုမှ မဖျောက်ဖျက်နိုင်ခဲ့

နာရီတိုင်းဟာတို့အတွက်

အဖိုးဖြတ်မရတဲ့ အချစ်နေ့စွဲတွေ

အို..ကြားစကားတွေနားထဲ

မတူညီတဲ့စကားအဓိပ္ပါယ်တွေ

တကယ်ဆို အချစ်ဟာဘာလဲ

သက်ရောက်မှု မရှိဘဲ

ယုံကြည်နားလည်မှု

အပြန်အလှန်ပေးထားခဲ့ပြီးမှ

ဘာလို့ဝေးဖို့အကြောင်းတွေ

မပြောပါနဲ့ကွာ ငါလေ ကြိုသိထား

အကြင်နာမှန်ရင် တစ်ချိန်မှာ

ရင်ခုန်သံတွေ နီးခွင့်ရမှာပါ

ပူလောင်နာကျင်စရာတွေ

အချစ်မှာရှိပြီးသား

အတူနေချိန်တွေ

ကုန်ဆုံးသွားမယ့်တစ်နေ့

အပြုံးမပျက်ပါနဲ့ ချစ်သူဆိုတာ

ချစ်တိုင်းလည်းမညားတာ

ငါလက်ခံပြီးသား

ကိုယ်မျှော်လင့်ထားသလို

မင်္ဂလာပွဲလေးပျောက်ပျက်သွားခဲ့ရင်

ကြင်နာသူမင်းလေးမငိုနဲ့တော့ အိုး ရေး

ချစ်တိုင်းလည်း မညားကြတာပဲ

အကြင်နာသာစစ်ရင် ပြန်ဆုံမယ်......

အကြင်နာမှန်ရင် တစ်ချိန်မှာ

ရင်ခုန်သံတွေ နီးခွင့်ရမှာပါ

ပူလောင်နာကျင်စရာတွေ

အချစ်မှာရှိပြီးသား

အတူနေချိန်တွေ

ကုန်ဆုံးသွားမယ့်တစ်နေ့

အပြုံးမပျက်ပါနဲ့ ချစ်သူဆိုတာ

ချစ်တိုင်းလည်းမညားတာ

ငါလက်ခံပြီးသား

ချစ်တိုင်းလည်းမညားတာ

ငါလက်ခံပြီးသား

ချစ်တိုင်းလည်းမညားတာ

ငါလက်ခံပြီးသား

Thanks You!

Еще от ဝိုင်းလေး

Смотреть всеlogo