menu-iconlogo
huatong
huatong
avatar

မောင်းမကန်မှာ သာတဲ့လ

သားဂန်းhuatong
ကိုကို💜💘💒🥇༺ᵏ𝐋𝕔༻🥇huatong
Тексты
Записи
မောင်းမကန်မှာ သာတဲ့ လ

တေးရေး - ရဲရဲ

တေးဆို - သားဂန်း

===================

ပင်လယ်ပြင်ပေါ်က

လရိပ်လေးကို မျှော်ကြည့်ရင်း

ဝေးလို့သွားတဲ့

သူငယ်ချင်းများကို လွမ်းတယ်

ငယ်ရွယ်စဉ်အခါက

သဲသောင်ကမ်းမှာ အတူပျော်ကြ

အသက်တွေကြီးလာတော့လေ

တယောက်တမြေစီသို့အဝေး

မောင်းမကန်ကမ်းခြေမှာ

သာတဲ့ လ ရယ်

သူငယ်ချင်းတွေနဲ့ အတူတူ

ဆုံချင်သေးတယ်

====================

သူငယ်ချင်း အရှုံးမပေးလိုက်ပါနဲ့

ဘဝရဲ့ လှိုင်းဒဏ်ထဲ

ယုံကြည်ရာ လျှောက်လှမ်းရင်း

ခရီးဆုံး မရောက်သေးခင်

ဆင်းရဲချမ်းသာပါစေ

အလည်ပြန်လာခဲ့အုံး

မောင်းမကန်မှာ သာတဲ့လနဲ့အတူ

မျှော်နေအုံးမယ်

====================

နန်းလေး(KLC)မှ တင်ပေးသည်။

====================

မဆုံတာကြာပေမဲ့

သံယောဇဉ်ကြိုးတွေ

ချည်နှောင်ဆဲ

မမေ့နိုင်ခဲ့ပါ လွမ်းစရာ

အချိန်ကလေးများရယ်

ငယ်ရွယ်စဉ်အခါက

သွားအတူ စားအတူ

အလည်ပျော်ပါးတဲ့

အမှတ်တရ ဓာတ်ပုံလေးတွေ

ကြည့်ကာ ပြန်တွေးငေး

မောင်းမကန် ကမ်းခြေမှာ

သာတဲ့ လ ရယ်

သူငယ်ချင်းတွေနဲ့ အတူတူ

ဆုံချင်သေးတယ်

===================

သူငယ်ချင်း အရှုံးမပေးလိုက်ပါနဲ့

ဘဝရဲ့ လှိုင်းဒဏ်ထဲ

ယုံကြည်ရာ လျှောက်လှမ်းရင်း

ခရီးဆုံး မရောက်သေးခင်

ဆင်းရဲချမ်းသာပါစေ

အလည်ပြန်လာခဲ့အုံး

မောင်းမကန်မှာ သာတဲ့လနဲ့

အတူမျှော်နေအုံးမယ်

(ထားဝယ်သံဖြင့် ဆိုရန်)

ငယ်ချင်း ရှောင်းမပေးလိုက်ပါန

ဘဝရဲ့ လှိုင်းထန်လည်း

ယောင်ကြည်ရာ ရှော့လှမ်းရင်း

ခရီးဆော့ မရော့သေးခင်

ဆင်းရဲချမ်းသာဇေ

လယ်ပြန်လာခဲ့ဥူး

မောလ်ဂံမှာ သာတဲ့လနဲ့တူ

မျော်နေဥူးမရ်

မောင်းမကန်မှာ သာတဲ့လနဲ့အတူ

မျှော်နေအုံးမယ်

==================

ကျေးဇူးတင်ပါတယ်ရှင်။

Еще от သားဂန်း

Смотреть всеlogo
မောင်းမကန်မှာ သာတဲ့လ от သားဂန်း - Тексты & Каверы