ချစ်သောမောင်
(ဆို-သီတာသိမ့်)
******************
******************
ချစ်သောမောင်ရယ်…
နောင်တကယ်များ
လှည့်စားကာ မစိမ်းကားနဲ့ကွယ်…
အသစ်ကိုတွေ့ရင်တကယ်..
အချစ်ကိုမေ့နေမယ်…
အားနွဲ့သူပါမောင်ရယ်..
မေ့ပျောက်မှာ စိုးရိမ်မိတယ်ကွယ်
*******************
အချစ်ကိုယုံစားထားလို့
မှုန်ဝါးဝါးတော့
မဖြစ်စေချင်တယ်…
ကြင်နာသူမောင်ရယ်…
မေ့အပေါ်များဖြင့်ကွယ်..
ယုံအောတင်တကယ်
ချွဲနိုင်လွန်းတယ်..
ရွှေသစ္စာမဏ္ဍိုင်..
တူပြိုင်ပြိုင် စိုက်ပါလို့..
အဲဒီလို ယိုးမယ်ဖွဲ့လို့..
တလောကလုံး
မေ့ပျောက်အောင်သာ တကယ်…
ချစ်စွာသောမောင်ရယ်..
ဒီအပြောမျိုး ရိုးနေပါပေါ့ကွယ်…
**********************
ယုံအောင်ကွယ်..
သူပဲချွဲနိုင်လွန်းတယ်…
ချစ်သောမောင်ရယ်
ပျိုမေစိုးရိမ်ပါတယ်..
ယုံအောင်ကွယ်..
သူပဲချွဲနိုင်လွန်းတယ်…
ချစ်သောမောင်ရယ်
ပျိုမေစိုးရိမ်ပါတယ်..
အသစ်တွေ့ပြန်ရင်ကွယ်…
အချစ်မေ့မှာစိုးလို့…
အားထားတဲ့သူမယ်…
အားထားတဲ့သူမယ်..
ချစ်သောမောင်ရယ်..နောင်များ
မဖောက်ပြားစေချင်တယ်…
********************
တစ်ယောက်အား ..
မထောက်ထား
ဖောက်ပြားနေသလားမောင်…
ရွှေသစ္စာတူပြိုင်စိုက်လို့
မူပိုင်ချစ်ဟန်ဆောင်..
သဘောထားရိုးရိုးနဲ့ ..
အားကိုးသူပါမောင်..
အခုများဆို နေနိုင်တဲ့မောင်…
ချစ်တဲ့အရိပ်အယောင်..
ခွဲခြားမရနိုင်အောင်..
***************
စိမ်းကားလေသူ မောင်..
တွေ့တုန်းတော့ သူဟန်ဆောင်..
ခုများတော့ သစ္စာတောင်..
မထောက်ထားနိုင်အောင်…
ဟိုတစ်ချိန်…စိန္တေဦးမှာ…
နှစ်ယောက်သားထား..
ထားသစ္စာတွေနှောင်…
လှည့်စားကာ စိမ်းကားတဲ့မောင်…
ကတိမ်းကပါးနဲ့ သွေရှောင်…
သူ့အတွက်နဲ့ ဗျာပါပွေလို့ဆောင်…
အသစ်တွေ့လို့…
မေ့ကို မေ့သလားမောင်….
****************
ယုံအောင်ကွယ်..
သူပဲချွဲနိုင်လွန်းတယ်…
ချစ်သောမောင်ရယ်
ပျိုမေစိုးရိမ်ပါတယ်..
ယုံအောင်ကွယ်..
သူပဲချွဲနိုင်လွန်းတယ်…
ချစ်သောမောင်ရယ်
ပျိုမေစိုးရိမ်ပါတယ်..
အသစ်တွေ့ပြန်ရင်ကွယ်…
အချစ်မေ့မှာစိုးလို့…
အားထားတဲ့သူမယ်…
အားထားတဲ့သူမယ်..
ချစ်သောမောင်ရယ်..နောင်များ
မဖောက်ပြားစေချင်တယ်…
********************
ကျေးဇူးတင်ပါတယ်