ဖုန်းမဲ့ တစ်ကိုယ်ရေ
ဖော် မစုံ နိုင်သေး
လွမ်းပုံ့ပုံ့
စက်ရာဆောင်ဗွေ
ဘယ်ပြောင်း ညာလူး
စိတ်ကူးနဲ့ဖြင့်
မရွှင်သာနိုင်ပေ
ဘဝင်မှာ မှိုင်တွေ
အိပ်မပျော်တဲ့ အခြေ
စိတ်ဘဝင် နွမ်း
မောင့်ကိုသာမှန်း
ရော်ရမ်းမိတယ်လေ
ဖုန်းမဲ့ တစ်ကိုယ်ရေ
ဖော် မစုံ နိုင်သေး
လွမ်းပုံ့ပုံ့
စက်ရာဆောင်ဗွေ
ဘယ်ပြောင်း ညာလူး
စိတ်ကူးနဲ့ဖြင့်
မရွှင်သာနိုင်ပေ
ဘဝင်မှာ မှိုင်တွေ
အိပ်မပျော်တဲ့ အခြေ
စိတ်ဘဝင် နွမ်း
မောင့်ကိုသာမှန်း
ရော်ရမ်းမိတယ်လေ
အာကာယံ
မိုးထက်ဝဠာဗွေ
တိမ်ညိုဆိုင်းကာ
မှိုင်းပြာရီဝေ
ဒေဝါရှင်
မိုးနတ်မောင်ရေ
ချိန်ခါတွေ
မဟုတ်ဘဲနဲ့လေ
အုံ့မှိုင်းကာ
သိုင်းဖွဲ့မန်ဟုန်ခြွေ
အာကာယံ
မိုးထက်ဝဠာဗွေ
တိမ်ညိုဆိုင်းကာ
မှိုင်းပြာရီဝေ
ဒေဝါရှင်
မိုးနတ်မောင်ရေ
ချိန်ခါတွေ
မဟုတ်ဘဲနဲ့လေ
အုံ့မှိုင်းကာ
သိုင်းဖွဲ့မန်ဟုန်ခြွေ
မယ့် မှာတော့ လေ
အချစ်ရေး ဟောင်း
အသစ်တွေ ပြောင်းလို့
အောက်မေ့တယ်
မောင်ရေ မိုးဒေဝါရေ
ဖေးကူကာ
သနားပါဦးတော့လေ
မိုး .. မိုးဒေဝါ ရေ
ဖြိုး .. ဖြိုးစွေရွာနေ
မျှော်သူ ပန်းအောင်လို့
လက်လှမ်းကာ ကြိုဆိုနေ
တစ်ဖက်လူကို
စာနာသနား
သနား သင့်လှပေ ...
ဒါကြောင့်ပေ
ကိုရွှေမိုးကိုလေ
မေ တောင်းပန်မလေ
ညှာတာသနားရင်
တိတ်ပါ ဒေဝါရေ
အာကာယံ
မိုးထက်ဝဠာဗွေ
တိမ်ညိုဆိုင်းကာ
မှိုင်းပြာရီဝေ
ဒေဝါရှင်
မိုးနတ်မောင်ရေ
ချိန်ခါတွေ
မဟုတ်ဘဲနဲ့လေ
အုံ့မှိုင်းကာ
သိုင်းဖွဲ့မန်ဟုန်ခြွေ
အာကာယံ
မိုးထက်ဝဠာဗွေ
တိမ်ညိုဆိုင်းကာ
မှိုင်းပြာရီဝေ
ဒေဝါရှင်
မိုးနတ်မောင်ရေ
ချိန်ခါတွေ
မဟုတ်ဘဲနဲ့လေ
အုံ့မှိုင်းကာ
သိုင်းဖွဲ့မန်ဟုန် ခြွေ ..။
ပြီးပါပြီ