သီချင်း - တိတ်တခိုးအချစ်
တေးဆို - သွန်း
တူ.. တူ.. တူ.. တူ.. တူ.. ဝူး..
ငယ်ရွယ်စဉ်အချိန်
ကလေးဘဝအစတုန်းက
အဖြူရောင်သူငယ်ချင်းပါ
စားအတူ သွားအတူ
တစ်ယောက်လက် တစ်ယောက်ကို
ကိုင်ဆွဲကာ
နေပူချိန်ဆို
ထီးလေးတစ်ချောင်းအောက်မှာ
နှစ်ယောက်အတူတူ မိုးကာ
ကလေးသဘာဝ
မြူးတူးပျော်ဖူးတာ
ရင်ခုန်သံတွေ ခုတော့
မင်းအပေါ် မရိုးသားချင်တော့ပါ
ဖွင့်ပြောဖို့
မိန်းကလေးမို့ မဝံ့ရဲပါ
ဒါကိုမမြင်သူ မင်းကတော့
အချစ်ကို တခြားသူဆီပေးကာ
င့ါရင်တွေကွဲရပြီ
သူငယ်ချင်းရာ
စာလည်းမကျနိုင်ခဲ့
ဘယ်လိုအိပ်ရမှာလဲ
ဒီမျက်ဝန်းထဲ
မင်းသာမြင်နေတယ်
မြိုသိပ်သမျှတွေအတွက်
ကြေကွဲရပေမယ့်
တိတ်တခိုးလေး
ချစ်နေဦးမယ်
သူငယ်ချင်းလေးရေ
နင်မမြင်နိုင်ပေမယ့်
ငါစိတ်ကူးထဲမှာ
နင်သာ ကြင်ယာဖက်
ငယ်ရွယ်စဉ်အချိန်
ကလေးဘဝအစတုန်းက
အဖြူရောင်သူငယ်ချင်းပါ
စားအတူ သွားအတူ
တစ်ယောက်လက် တစ်ယောက်ကို
ကိုင်ဆွဲကာ
နေပူချိန်ဆို
ထီးလေးတစ်ချောင်းအောက်မှာ
နှစ်ယောက်အတူတူ မိုးကာ
ကလေးသဘာဝ
မြူးတူးပျော်ဖူးတာ
ရင်ခုန်သံတွေ ခုတော့
မင်းအပေါ် မရိုးသားချင်တော့ပါ
ဖွင့်ပြောဖို့
မိန်းကလေးမို့ မဝံ့ရဲပါ
ဒါကိုမမြင်သူ မင်းကတော့
အချစ်ကို တခြားသူဆီပေးကာ
င့ါရင်တွေကွဲရပြီ
သူငယ်ချင်းရာ
စာလည်းမကျနိုင်ခဲ့
ဘယ်လိုအိပ်ရမှာလဲ
ဒီမျက်ဝန်းထဲ
မင်းသာမြင်နေတယ်
မြိုသိပ်သမျှတွေအတွက်
ကြေကွဲရပေမယ့်
တိတ်တခိုးလေး
ချစ်နေဦးမယ်
သူငယ်ချင်းလေးရေ
နင်မမြင်နိုင်ပေမယ့်
ငါစိတ်ကူးထဲမှာ
နင်သာ ကြင်ယာဖက်
စာလည်းမကျနိုင်ခဲ့
ဘယ်လိုအိပ်ရမှာလဲ
ဒီမျက်ဝန်းထဲ
မင်းသာမြင်နေတယ်
မြိုသိပ်သမျှတွေအတွက်
ကြေကွဲရပေမယ့်
တိတ်တခိုးလေး
ချစ်နေဦးမယ်
သူငယ်ချင်းလေးရေ
နင်မမြင်နိုင်ပေမယ့်
ငါစိတ်ကူးထဲမှာ
နင်သာ ကြင်ယာဖက်
သူငယ်ချင်းလေးရေ
နင်မမြင်နိုင်ပေမယ့်
ငါစိတ်ကူးထဲမှာ
နင်သာ ကြင်ယာဖက်